နွားသည် ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်ကိုဝှေ့သဖြင့် ထိုသူသေလျှင် နွားကို ခဲနှင့်မုချပေါက်သတ်ရမည်။ ထိုနွား၏အသားကိုမစားရ။ ပိုင်ရှင်မူကား အပြစ်ကင်းလွတ်၏။
ထွက်မြောက် 21:31 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ သား၊ သို့မဟုတ် သမီး တစ်ယောက်ယောက်ကိုဝှေ့လျှင်လည်း ဤစီရင်ထုံးဖွဲ့ချက်အတိုင်း ပိုင်ရှင်ကို စီရင်ရမည်။ Common Language Bible နွားသည်ယောကျာ်းကလေးသို့မဟုတ်မိန်း ကလေးတစ်ဦးကိုဝှေ့သတ်လျှင် ထိုနည်း အတိုင်းစီရင်ရမည်။- Garrad Bible သား ငယ်၊ သ မီး ငယ် တစ် စုံ တစ် ယောက် ကို ဝှေ့ လျှင် လည်း ဆို ခဲ့ သော ဆုံး ဖြတ် ချက် အ တိုင်း ခံ စေ။ Judson Bible သူတစ်ပါး၏သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။ |
နွားသည် ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်ကိုဝှေ့သဖြင့် ထိုသူသေလျှင် နွားကို ခဲနှင့်မုချပေါက်သတ်ရမည်။ ထိုနွား၏အသားကိုမစားရ။ ပိုင်ရှင်မူကား အပြစ်ကင်းလွတ်၏။
အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။
နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ်ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။