အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။
ထွက်မြောက် 21:30 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။ Common Language Bible အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။- Garrad Bible နွား ရှင် လည်း အ သေ ခံ စေ။ သို့ မ ဟုတ် ကိုယ် အ သက် ရွေး နုတ် ရန် စီ ရင် ချက် ရ လျှင် စီ ရင် သည့် အ တိုင်း ရွေး နုတ် ရန် လျော် ကြေး ကို ပေး စေ။ Judson Bible သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဖိုးကိုလျော်ရမည်။ |
အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။
ထိုနွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်း ပိုင်ရှင်ကိုသတိပေးသော်လည်း ထိုနွားကိုမထိန်းသိမ်းသဖြင့် လူယောက်ျား၊ သို့မဟုတ် လူမိန်းမကိုဝှေ့သတ်လျှင် ထိုနွားကို ခဲနှင့်ပေါက်သတ်ရမည်။ ပိုင်ရှင်သည်လည်း သေဒဏ်ခံရမည်။
အကယ်၍ သား၊ သို့မဟုတ် သမီး တစ်ယောက်ယောက်ကိုဝှေ့လျှင်လည်း ဤစီရင်ထုံးဖွဲ့ချက်အတိုင်း ပိုင်ရှင်ကို စီရင်ရမည်။
“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
လူ၏ဓနဥစ္စာသည် သူ့အသက်ကိုပြန်ရွေးသော အဖိုးအခဖြစ်၏။ ဆင်းရဲသောသူမူကား မည်သည့်ခြိမ်းခြောက်သံကိုမျှ မကြားရပေ။