အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
ထွက်မြောက် 21:18 - မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်းရန်ဖြစ်ကြ၍ တစ်ဦးက အခြားတစ်ဦးအား ကျောက်တုံးနှင့်ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ ခံရသူသည်မသေသော်လည်း အိပ်ရာထဲ၌လဲနေလျှင်လည်းကောင်း၊ Common Language Bible ``လူအချင်းချင်းခိုက်ရန်ဖြစ်ပွားရာ၌တစ် ယောက်သောသူက အခြားတစ်ယောက်အား ကျောက်ခဲနှင့်ဖြစ်စေ၊ လက်သီးနှင့်ဖြစ်စေ ဒဏ်ရာရစေသော်လည်း အသက်မသေဘဲ၊ အကယ်၍အရိုက်ခံရသူသည်အိပ်ရာထဲ ၌နေရလျှင်သော်လည်းကောင်း၊- Garrad Bible လူ ချင်း ခိုက် ရန် ဖြစ် ၍ ကျောက် ခဲ နှင့် ထု သည် ကို ဖြစ် စေ၊ လက် သီး နှင့် ထိုး သည် ကို ဖြစ် စေ၊ ခံ ရ သော သူ သည်၊ မ သေ ဘဲ အိပ် ရာ၌ နေ ရ သော် လည်း၊ Judson Bible လူချင်းခိုက်ရန်ပြု၍ တစ်ယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်လည်းကောင်း၊ |
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
နောက်တစ်နေ့တွင်လည်း သူသည်ထပ်၍သွားပြန်ရာ ဟေဗြဲအမျိုးသားနှစ်ဦး ရန်ဖြစ်နေကြသည်ကိုမြင်လျှင် မတရားသောသူအား “သင်သည် သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့် ရိုက်နှက်ရသနည်း”ဟု ဆိုသော်
အပြင်၌တောင်ဝှေးဖြင့် လမ်းထလျှောက်နိုင်လျှင်လည်းကောင်း ပြုသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်ရမည်။ သို့သော် ခံရသူ အလုပ်ပျက်သွားသည့်အချိန်အတွက် သူ့အား နစ်နာကြေးပေး၍ လုံးလုံးပျောက်ကင်းသည့်တိုင်အောင်ကုသပေးရမည်။
တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကို တုတ်ဖြင့်ရိုက်နှက်စဉ်တွင် ထိုကျွန်သေလျှင် ထိုသူသည် မုချအပြစ်ဒဏ်ခံရမည်။
အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။
ယောက်ျားနှစ်ဦးရန်ဖြစ်ကြ၍ တစ်ဦး၏မယားသည် မိမိလင်ယောက်ျားကိုရိုက်နှက်နေသောသူ၏လက်မှလွတ်မြောက်စေလိုသဖြင့် ဝင်၍ ထိုသူ၏ယောက်ျားတန်ဆာကို လှမ်းဆွဲမည်ဆိုလျှင်