အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
ထွက်မြောက် 21:12 - မြန်မာ့စံမီသမ္မာကျမ်း လူကိုသေအောင်ရိုက်သောသူသည် မုချအသတ်ခံရမည်။ Common Language Bible ``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။- Garrad Bible လူ ကို အ သေ သတ် သူ သည် ကိုယ် တိုင် သေ ဒဏ် ခံ စေ။ Judson Bible လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ |
အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
အကယ်၍ ဤသုံးချက်ကိုမပြုပေးလျှင် ထိုမိန်းမသည် အဖိုးအခငွေမပေးဘဲထွက်သွားခွင့်ရှိ၏။
ယေရှုကလည်း ထိုသူအား“သင်၏ဓားကို သူ့နေရာ၌ပြန်ထားလော့။ အကြောင်းမူကား ဓားကိုင်သောသူအားလုံးတို့သည် ဓားဖြင့်ပျက်စီးရလိမ့်မည်။
‘မိမိအိမ်နီးချင်းကို လျှို့ဝှက်စွာသတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။