သင်တို့သည် ခြောက်ရက်ပတ်လုံး မုန့်ကို ကောက်ယူကြရမည်။ ဥပုသ်နေ့ဖြစ်သောသတ္တမနေ့၌မူကား ရှိမည်မဟုတ်”ဟု ဆိုလေ၏။
ထွက်မြောက် 20:9 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။ Common Language Bible သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။- Garrad Bible ခြောက် ရက် အ တွင်း ကိုယ့် အ မှု အ ရေး ရှိ သ မျှ ကို လုပ် ဆောင် ရ သော် လည်း၊ Judson Bible ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။ |
သင်တို့သည် ခြောက်ရက်ပတ်လုံး မုန့်ကို ကောက်ယူကြရမည်။ ဥပုသ်နေ့ဖြစ်သောသတ္တမနေ့၌မူကား ရှိမည်မဟုတ်”ဟု ဆိုလေ၏။
ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ ထွန်ယက်ချိန်ဖြစ်စေ၊ ရိတ်သိမ်းချိန်ဖြစ်စေ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။
‘ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် သင်တို့အဖို့ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ ဖြစ်ရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သူမဆို အသတ်ခံရမည်။
မည်သည့်အရပ်၌ သင်တို့နေထိုင်သည်ဖြစ်စေ ဥပုသ်နေ့တွင် မီးမမွှေးရ’ဟူသော သင်တို့လိုက်နာရမည့် ပညတ်တို့ကို မိန့်မှာတော်မူပြီ”ဟု ဆိုလေ၏။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။
သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။