သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။
ထွက်မြောက် 2:9 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီး၏သမီးတော်က “ဤသူငယ်ကိုခေါ်သွား၍ ငါ့အတွက် ကြည့်ရှုစောင့်ရှောက်ပေးလော့။ သင့်ကို ငါလုပ်အားခပေးမည်”ဟု ဆိုသဖြင့် ထိုမိန်းမသည် သူငယ်ကို ခေါ်သွား၍ ကြည့်ရှုစောင့်ရှောက်လေ၏။ Common Language Bible မင်းသမီးက``ဤကလေးကိုငါ့အတွက်နို့ တိုက်မွေးပေးပါ။ သင့်အားအခပေးမည်'' ဟု ကလေး၏မိခင်အားဆိုလေ၏။ ထို့ကြောင့် မိခင်သည်ကလေးကိုယူ၍ထိန်းလေ၏။- Garrad Bible မိန်း မ ငယ် သွား၍ သူ ငယ့် မိ ခင် ကို ခေါ် ခဲ့ လျှင် ဖာ ရော မင်း၏ သ မီး တော် က၊ ဤ သူ ငယ် ကို ယူ သွား၍ ငါ့ အ ဖို့ မွေး လော့။ နို့ ဖိုး ကို ငါ ပေး မည် ဟု ဆို သည် နှင့် အ ညီ ထို မိန်း မ သည် သူ ငယ် ကို ယူ သွား၍ မွေး မြူ လေ ၏။ Judson Bible ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။ |
သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။
ဖာရောမင်းကြီး၏သမီးတော်ကလည်း “သွားခေါ်လော့”ဟု ဆိုသဖြင့် မိန်းမငယ်သည် သွား၍ သူငယ်၏မိခင်ကို ခေါ်လာ၏။