အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 2:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ သိုးထိန်း​တို့​သည်​ရောက်လာ​၍ သူ​တို့​ကို​နှင်ထုတ်​ကြ​သဖြင့် မောရှေ​သည် ထ​၍ ထို​မိန်းမ​တို့​ကို​ကာကွယ်​ပေး​ပြီး သူ​တို့​၏​သိုးဆိတ်​တို့​ကို ရေတိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ခြား သိုး ထိန်း တို့ လည်း လာ၍ ထို သ မီး တို့ ကို နှင် ထုတ် ကြ သော် မော ရှေ ထ ရပ် ကူ ညီ လျက် သိုး ဆိတ် များ ကို ရေ တိုက် လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သိုး​ထိန်း​အ​ချို့​တို့​လည်း​လာ၍ သိုး​ဆိတ်​များ​ကို​မောင်း​ကြ​၏။ ထို​အ​ခါ မော​ရှေ​သည်​ထ၍ ထို​မိန်း​မ​တို့​ဘက်၌​နေ​လျက်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​လေ၏။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 2:17
5 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အာဗြဟံ​သည် အဘိမလက်​မင်းကြီး​၏​အစေအပါး​များ​လုယူ​သော​ရေတွင်း​နှင့်​ပတ်သက်၍ အဘိမလက်​မင်းကြီး​ကို တိုင်ကြား​လေ​၏​။


ယာကုပ်​သည် မိမိ​ဦးရီး​လာဗန်​၏​သမီး​ရာခေလ​နှင့် ဦးရီး​လာဗန်​၏​သိုး​များ​ကို​မြင်​သောအခါ ရေတွင်း​အနီး​သို့​သွား​၍ တွင်း​ဝ​မှ​ကျောက်တုံး​ကို​လှိမ့်ဖယ်​ပြီးလျှင် ဦးရီး​လာဗန်​၏​သိုး​များ​ကို ရေတိုက်​လေ​၏​။


သိုးအုပ်​အားလုံး​ကို ထို​ရေတွင်း​၌​စုဝေး​စေ​ပြီးမှ သိုးထိန်း​တို့​သည် တွင်း​ဝ​မှ​ကျောက်တုံး​ကို​လှိမ့်ဖယ်​၍ သိုး​တို့​ကို​ရေတိုက်​ပြီးလျှင် ကျောက်တုံး​ကို သူ့​နေရာ တွင်း​ဝ​၌​ပြန်ထား​လေ့​ရှိ​ကြ​၏​။


သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။