သင်သည် လူတို့အတွက် တောင်ပတ်ပတ်လည် နယ်နိမိတ်စည်းသတ်မှတ်ပေး၍ ‘တောင်ပေါ်သို့မတက်၊ တောင်၏နယ်နိမိတ်ကို မထိရန် သတိပြုလော့’ဟု မှာကြားရမည်။ ဤတောင်ကိုထိသောသူတိုင်း မုချအသတ်ခံရမည်။
ထွက်မြောက် 19:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေက ထာဝရဘုရားအား “ကိုယ်တော်က အကျွန်ုပ်တို့အား ‘တောင်ကိုနယ်နိမိတ်စည်းသတ်မှတ်၍ သန့်ရှင်းစေလော့’ဟူ၍ သတိပေးမိန့်မှာခဲ့သောကြောင့် လူတို့သည် သိနာတောင်ပေါ်သို့မတက်နိုင်ကြပါ”ဟု ပြန်လျှောက်လေ၏။ Common Language Bible ထိုအခါမောရှေက ထာဝရဘုရားအား``ကိုယ် တော်သည်တောင်ကိုသန့်ရှင်းရာဌာနအဖြစ် သတ်မှတ်၍ ပတ်လည်တွင်စည်းတားထားစေ သောကြောင့်လူတို့သည်တောင်ပေါ်သို့မတက် နိုင်ကြပါ'' ဟုလျှောက်ထားလေ၏။ Garrad Bible မော ရှေ က၊ တောင် ကို ဆီး ကာ လျက် သန့် ရှင်း စေ ဟူ၍ မိန့် တော် မူ သည့် အ တိုင်း လူ မျိုး သည် သိ နာ တောင် သို့ မ တက် နိုင် ကြ ပါ ဟု ထာ ဝ ရ ဘု ရား အား ပြန် လျှောက် လျှင်၊ Judson Bible မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအားပြန်လျှောက်လေ၏။ |
သင်သည် လူတို့အတွက် တောင်ပတ်ပတ်လည် နယ်နိမိတ်စည်းသတ်မှတ်ပေး၍ ‘တောင်ပေါ်သို့မတက်၊ တောင်၏နယ်နိမိတ်ကို မထိရန် သတိပြုလော့’ဟု မှာကြားရမည်။ ဤတောင်ကိုထိသောသူတိုင်း မုချအသတ်ခံရမည်။
ထာဝရဘုရားကလည်း “သွားလော့။ ဆင်းသွားလော့။ သင်သည် အာရုန်ကို သင်နှင့်အတူတက်လာစေရမည်။ သို့သော် ယဇ်ပုရောဟိတ်များနှင့်လူတို့ကို စည်းကျော်ဝင်၍ ငါထာဝရဘုရားထံသို့မတက်လာစေနှင့်။ တက်လာလျှင် သူတို့ကို ဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။