သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
ထွက်မြောက် 18:9 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်နုတ်တော်မူ၍ သူတို့အတွက် ကိုယ်တော်ပြုတော်မူခဲ့သည့် ကောင်းမြတ်သောအရာရှိသမျှတို့ကြောင့် ယေသရောသည် ဝမ်းသာအားရဖြစ်၏။ Common Language Bible ယေသရောသည်အီဂျစ်အမျိုးသားများ လက်မှ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် သတင်းကိုကြားရလျှင် အလွန်ဝမ်းသာ အားရဖြစ်လေ၏။- Garrad Bible ယေ သ ရော သည်၊ ဣ သ ရေ လ လူ မျိုး ကို အိ ဂျစ် လူ တို့ လက် မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် ၍ ပြု တော် မူ သော ကျေး ဇူး ကြောင့် ဝမ်း မြောက် လျက်၊ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှကယ်နုတ်၍၊ ပြုတော်မူသောကျေးဇူးကြောင့် ယေသရောသည်ဝမ်းမြောက်လျက်၊ |
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။
ဂျေရုဆလင်မြို့ကိုချစ်သောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ဂျေရုဆလင်မြို့အတွက် ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့၊ ထိုမြို့နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
ရှောလုမင်းကြီးက ကေနိလူမျိုးတို့အား “အာမလက်လူမျိုးတို့ထံမှ ဝေးစွာထွက်သွားလော့။ သို့မဟုတ်လျှင် သင်တို့ကို သူတို့နှင့်အတူ ဖျက်ဆီးမိလိမ့်မည်။ အစ္စရေးအမျိုးသားအပေါင်းတို့ အီဂျစ်ပြည်မှ ထွက်လာစဉ်က သင်တို့သည် သူတို့အားမေတ္တာကရုဏာကို ပြသခဲ့ပြီ”ဟု ဆိုသဖြင့် ကေနိလူမျိုးတို့သည် အာမလက်လူမျိုးတို့ထံမှ ထွက်သွားကြ၏။