ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသဖြင့် သူသည် အောင်မြင်သောသူဖြစ်လာ၍ မိမိသခင်အီဂျစ်အမျိုးသား၏အိမ်၌နေထိုင်ရ၏။
ထွက်မြောက် 18:19 - မြန်မာ့စံမီသမ္မာကျမ်း ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။ Common Language Bible ငါသည်သင့်အားအကြံကောင်းပေးပါမည်။ ဘုရားသခင်သည်သင်နှင့်အတူရှိပါစေ သော။ သင်၏တာဝန်မှာလူတို့၏အငြင်းပွား မှုများကို သူတို့၏ကိုယ်စားဘုရားသခင် ထံတော်သို့တင်လျှောက်ပေးခြင်းမှာကောင်း ပေသည်။- Garrad Bible ငါ့ စ ကား ကို နာ ခံ လော့။ ဘု ရား သ ခင် သည် သင် နှင့် အ တူ ရှိ တော် မူ စေ ရန် ငါ အ ကြံ ပေး မည်။ သင် သည် လူ မျိုး အ ဖို့ ဘု ရား သ ခင့် ကိုယ် စား ပြု လျက် ၎င်း အ မှု များ ကို ဘုရား သ ခင့် အ ထံ တော် သို့ တင် သွင်း ၍၊ Judson Bible ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။ |
ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသဖြင့် သူသည် အောင်မြင်သောသူဖြစ်လာ၍ မိမိသခင်အီဂျစ်အမျိုးသား၏အိမ်၌နေထိုင်ရ၏။
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။
မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။
ပြဋ္ဌာန်းချက်များ၊ ဥပဒေသများနှင့်ပတ်သက်၍ သူတို့အား သတိပေးရမည်။ သူတို့သွားရမည့်လမ်း၊ လုပ်ဆောင်ရမည့်အလုပ်ကို သူတို့အားသိစေရမည်။
ထို့နောက် သူတို့က မောရှေအား “သင်သာလျှင် အကျွန်ုပ်တို့ကိုဆင့်ဆိုပါလော့။ အကျွန်ုပ်တို့နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်ဆိုတော်မမူပါစေနှင့်။ မိန့်ဆိုတော်မူလျှင် အကျွန်ုပ်တို့သေကြရပါလိမ့်မည်”ဟု ဆိုကြ၏။
ဘုရားသခင်က “အကယ်စင်စစ် သင်နှင့်အတူငါရှိမည်။ သင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာပြီးလျှင် ဤတောင်ပေါ်၌ သင်တို့သည် ဘုရားသခင်ကို ဝတ်ပြုရကြလိမ့်မည်။ ဤသည်ကား သင့်ကို ငါစေလွှတ်ကြောင်း လက္ခဏာသက်သေဖြစ်သည်”ဟု မိန့်တော်မူ၏။
ယခု သွားလော့။ ငါသည် သင့်နှုတ်နှင့်အတူရှိမည်။ သင်ပြောဆိုရမည့်အရာကို သင့်အား ငါသွန်သင်မည်”ဟု မိန့်တော်မူ၏။
သူသည် သင့်ကိုယ်စား လူတို့အား စကားပြောမည်။ သူသည် သင်၏နှုတ်ကဲ့သို့ဖြစ်၍ သင်သည် သူ၏ဘုရားကဲ့သို့ဖြစ်မည်။
ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သင်သည် ရန်သူတို့ကို စစ်သွားတိုက်သောအခါ သင့်ထက်များပြားသော မြင်းများ၊ စစ်ရထားများ၊ စစ်သည်များကို တွေ့လျှင် သူတို့ကို မကြောက်နှင့်။ သင့်ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။
ထိုအချိန်၌ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့ကြသောကြောင့် ငါသည် ထာဝရဘုရားနှင့်သင်တို့ကြား၌ ရပ်လျက် ထာဝရဘုရား၏စကားတော်ကို သင်တို့အား ပြန်ပြောပြခဲ့၏။ မိန့်တော်မူသောစကားမှာ
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။