မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။
မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
မော ရှေ က၊ ဤ လူ တို့ သည် ဘု ရား သ ခင် ကို မေး လျှောက် ရန် ကျွန်ုပ် ထံ လာ သော ကြောင့် ဖြစ် ပါ ၏။
မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။
လူတို့အတွက် မောရှေဆောင်ရွက်ပေးသမျှတို့ကို သူ၏ယောက္ခမယေသရောတွေ့မြင်လျှင် “လူတို့အတွက် သင်မည်သို့ ဆောင်ရွက်ပေးနေသနည်း။ အဘယ်ကြောင့် သင်တစ်ယောက်တည်းထိုင်၍ လူအပေါင်းတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် သင့်ရှေ့၌ရပ်နေကြရသနည်း”ဟု ဆို၏။
ထိုသူအား မည်သို့စီရင်ရမည်ကို သေသေချာချာမသိသေးသောကြောင့် သူ့ကို အကျဉ်းချထားလေ၏။
မောရှေသည်လည်း သူတို့၏အမှုကို ထာဝရဘုရားထံ လျှောက်တင်လေ၏။
သို့သော် ထိုနေ့၌ လူအချို့တို့သည် လူသေအလောင်းကြောင့် မစင်ကြယ်သည်ဖြစ်၍ ပသခါပွဲတော်ကို ကျင်းပခွင့်မရကြ။ ထို့ကြောင့် ထိုနေ့၌ သူတို့သည် မောရှေနှင့်အာရုန်ထံသို့လာ၍
မောရှေကလည်း “စောင့်ဦးလော့။ သင်တို့အမှုနှင့်ပတ်သက်၍ ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ငါနားထောင်ဦးမည်”ဟု သူတို့အား ပြန်ပြော၏။
ယောရှုသေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “ခါနာန်လူမျိုးတို့ကို မည်သူ ဦးစွာသွား၍တိုက်ခိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင်