ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
ထွက်မြောက် 17:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား က အာ မ လက် ဟူ သော အ မှတ် ကို မိုး ကောင်း ကင် အောက် မှ ငါ ချေ ဖျောက် မည် ဖြစ် သော ကြောင့် ဤ အောင် မှု ကို မှတ် သား ရန် စာ ရင်း သွင်း၍ ယော ရှု အား ဖတ် ကြား လော့ ဟု မိန့် တော် မူ၏။ Judson Bible ထာဝရဘုရားကလည်း၊ ဤအမှုကိုအောက်မေ့စရာဖို့ စာရေးထား၍ ယောရှုအားဖတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။ |
ရှောလုမင်းကြီး အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် အာမလက်လူမျိုးတို့ကို တိုက်ခိုက်ချေမှုန်းရာမှ ပြန်လာ၍ ဇိကလတ်မြို့တွင် နှစ်ရက်နေပြီး
ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
ဣရှိ၏သားများဖြစ်သော ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလတို့သည် ရှိမောင်အမျိုးသားအယောက်ငါးရာကို ဦးဆောင်ပြီး စိရတောင်ပေါ်သို့ တက်သွားကြကာ
ထိုအရပ်၌ လွတ်မြောက်၍ကြွင်းကျန်နေသောအာမလက်လူမျိုးတို့ကို သုတ်သင်ပြီး ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်၏။
အကျွန်ုပ်တို့သည် ပညတ်တော်များကို ထပ်မံချိုးဖောက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောလူမျိုးနှင့် ထိမ်းမြားမည်ဆိုလျှင် အကျွန်ုပ်တို့သည် အသက်ဘေးမှမလွတ်၊ ကြွင်းကျန်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် ကိုယ်တော်သည် အမျက်ထွက်၍ ဖျက်ဆီးတော်မူမည်မဟုတ်လော။
မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။
ငါ့စကားတို့ကို မှတ်တမ်းတင်ပေးမည့်သူ ရှိပါစေသော။ စာလိပ်တွင် ရေးမှတ်ထားပေးမည့်သူ ရှိပါစေသော။
ရန်သူတို့သည် ထာဝရပျက်စီးခြင်းထဲ၌ ပျက်စီးကုန်ဆုံးကြပါပြီ။ မြို့တို့ကိုဖြိုဖျက်တော်မူသဖြင့် ၎င်းတို့နှင့်ပတ်သက်သည့်အောက်မေ့စရာသည် ပျောက်ကွယ်သွားပါပြီ။
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါ့ကိုပြစ်မှားသောသူတိုင်းကို ငါ့စာရင်းမှ ပယ်ဖျက်မည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤစကားတို့ကို သင်ရေးမှတ်ထားလော့။ အကြောင်းမူကား ဤနှုတ်ထွက်စကားတို့အတိုင်း ငါသည် သင်နှင့်လည်းကောင်း၊ အစ္စရေးလူမျိုးတို့နှင့်လည်းကောင်း ပဋိညာဉ်ဖွဲ့ပြီ”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “သင့်အား ငါမိန့်ဆိုသောစကားတို့ကို စာလိပ်တွင် ရေးမှတ်ထားလော့။
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
တစ်ဖန် ဗာလမ်သည် အာမလက်လူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “အာမလက်လူမျိုးသည် လူမျိုးတို့၏အထွတ်အထိပ်ဖြစ်သော်လည်း အဆုံး၌ သူသည်ပျက်စီးလိမ့်မည်”ဟု ဆို၏။
မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့၏ခရီးစဉ်အဆင့်ဆင့်ကို ရေးမှတ်ထား၏။ သူတို့၏ခရီးစဉ်အဆင့်ဆင့်ကား ဤသို့ဖြစ်၏။
မောရှေသည် ဤပညတ်တရားတော်ကို ရေးသား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သော လေဝိအမျိုးသားယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့အား ပေးအပ်လေ၏။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
ထာဝရဘုရားသည် မိမိအမှုတော်ကိုထမ်းဆောင်ရန် သင့်ကို စေလွှတ်ခဲ့၏။ သင့်အား ‘အပြစ်သားအာမလက်လူမျိုးတို့ကို သွားရောက်ချေမှုန်းလော့။ တစ်ယောက်မကျန်အကုန်ချေမှုန်းလော့’ဟု မိန့်တော်မူခဲ့၏။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ
ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။