ထာဝရဘုရားက ‘တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြလော့။ သင်တို့၏လူအရေအတွက်အလိုက် မိမိတဲ၌ရှိသောသူတစ်ဦးစီအတွက် တစ်ယောက်တစ်ဩမဲစီ ယူကြရမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုလေ၏။
ထွက်မြောက် 16:36 - မြန်မာ့စံမီသမ္မာကျမ်း (တစ်ဩမဲကား တစ်ဧဖာ၏ဆယ်ပုံတစ်ပုံဖြစ်၏။) Common Language Bible (ဣသရေလအမျိုးသားတို့၏ချင်ခွက် ဖြစ်သောတစ်သြမဲမှာပြည်ဝက်ခန့် ဖြစ်၏။) Garrad Bible တစ် သြ မဲ ဆို သော် တစ် စ ရွတ် ခန့် တည်း။ Judson Bible ဩမဲမူကား၊ ဧဖာဆယ်စုတစ်စုဖြစ်သတည်း။ |
ထာဝရဘုရားက ‘တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြလော့။ သင်တို့၏လူအရေအတွက်အလိုက် မိမိတဲ၌ရှိသောသူတစ်ဦးစီအတွက် တစ်ယောက်တစ်ဩမဲစီ ယူကြရမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုလေ၏။
ဧဖာနှင့်ဗတ်သည် အခြင်အတွယ်တူရမည်။ တစ်ဗတ်သည် တစ်ဟောမဲ၏ဆယ်ပုံတစ်ပုံ၊ တစ်ဧဖာသည်လည်း တစ်ဟောမဲ၏ဆယ်ပုံတစ်ပုံ ဖြစ်ရမည်။ ဟောမဲသည် စံအလေးချိန် ဖြစ်ရမည်။
ထောင်းယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
ရုသလည်း ညနေတိုင်အောင် လယ်ထဲ၌ကောက်သင်းကောက်ပြီး ကောက်ထားသောကောက်နှံကို ရိုက်ခြွေသောအခါ မုယောစပါးတစ်ဧဖာခန့် ရ၏။