ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
ထွက်မြောက် 16:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ဧလိမ်အရပ်မှခရီးပြုကြ၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယလ၊ တစ်ဆယ့်ငါးရက်နေ့၌ ဧလိမ်အရပ်နှင့်သိနာတောင်ကြားရှိ သိန်တောကန္တာရသို့ ရောက်ကြ၏။ Common Language Bible ဣသရေလအမျိုးသားအပေါင်းတို့သည် ဧလိမ်အရပ်မှထွက်ခွာခဲ့ကြသည်။ အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယလတစ် ဆယ်ငါးရက်နေ့တွင် ဧလိမ်အရပ်နှင့်သိနာ တောင်စပ်ကြားရှိသိန်ဟုခေါ်သောတော ကန္တာရသို့ရောက်ရှိကြ၏။- Garrad Bible တစ် ဖန် ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ဧ လိမ် မြိုင် မှ ချီ ပြန်၍ အိ ဂျစ် ပြည် က ထွက် လာ ပြီး နောက် ဒု တိ ယ လ၊ ဆယ့် ငါး ရက် တွင် ဧ လိမ် မြိုင် နှင့် သိ နာ တောင် ကြား သိန် ခေါ် သဲ တော သို့ ရောက် ကြ ၏။ Judson Bible တစ်ဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။ |
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍
ထို့နောက် သူတို့သည် ဧလိမ်အရပ်သို့ရောက်လာကြ၏။ ထိုအရပ်၌ စမ်းရေတွင်းတစ်ဆယ့်နှစ်တွင်းနှင့်တကွ စွန်ပလွံပင်ခုနစ်ဆယ်ရှိ၏။ သူတို့သည် ထိုအရပ်တွင် ရေနှင့်နီးသောနေရာ၌ စခန်းချကြလေ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် သုံးလမြောက်သောနေ့၌ သိနာတောကန္တာရသို့ရောက်လာကြ၏။