ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
ထွက်မြောက် 15:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။ Common Language Bible မိရိအံက၊ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် ဘုန်း တော် ထင် ပေါ် သည် ဖြစ်၍ ကိုယ် တော် အား ဧ ချင်း ဖွဲ့ ဆို ကြ လော့။ မြင်း နှင့် မြင်း စီး သူ ရဲ ကို ပင် လယ် အ တွင်း ချ လှဲ တော် မူ ပြီ ဟု အ တိုင် အ ဖောက် ဆို လေ၏။ Judson Bible မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီဟု သူတို့နှင့်အသံပြိုင်၍ဆိုလေ၏။ |
ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကို ဝတ်ဆင်ပြီး ထာဝရဘုရားရှေ့တော်တွင် ဝမ်းသာအားရကခုန်လေ၏။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
အို ယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ဆုံးမခြင်းကြောင့် စစ်ရထားနှင့်မြင်းစီးသူရဲတို့သည် အိပ်မောကျသွားကြပါ၏။
ထို့နောက် ထာဝရဘုရားထံတော်သို့ မောရှေနှင့်အစ္စရေးအမျိုးသားတို့ သီကျူးသောသီချင်းကား “ထာဝရဘုရားထံသို့ ငါသီချင်းဆိုမည်။ အကြောင်းမူကား ကိုယ်တော်သည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူပြီ။ မြင်းနှင့်မြင်းစီးသောသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ။
ဖာရောမင်းကြီး၏စစ်ရထားများနှင့်စစ်သည်တို့ကို ပင်လယ်ထဲသို့ချပစ်တော်မူပြီ။ လက်ရွေးစင်တပ်မှူးတို့သည်လည်း ပင်လယ်နီထဲ၌ နစ်မြုပ်ကြလေပြီ။
သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
အို ရှင်ဘုရင်တို့၊ နားထောင်ကြလော့။ အို အုပ်ချုပ်သူတို့၊ အာရုံစိုက်ကြလော့။ ငါသည် ထာဝရဘုရားထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုမည်၊ ငါသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို သီဆိုချီးမွမ်းမည်။
ဒါဝိဒ်အပါအဝင် စစ်သည်တို့သည် ဖိလိတ္တိလူမျိုးကို နှိမ်နင်းရာမှ ပြန်လာသောအချိန်တွင် အစ္စရေးမြို့အသီးသီးတို့မှ အမျိုးသမီးတို့သည် ရှောလုမင်းကြီးကို ကြိုဆိုရန် ဝမ်းမြောက်စွာဖြင့် ပတ်သာ၊ စောင်းတို့ကို တီးမှုတ်၍ သီဆိုကခုန်လျက် ထွက်လာကြ၏။
ထိုအမျိုးသမီးတို့သည် ကခုန်လျက် “ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ”ဟု သီဆိုကြ၏။