ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
ထွက်မြောက် 14:30 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ထာဝရဘုရားသည် ထိုနေ့၌ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်တင်တော်မူ၏။ အီဂျစ်လူမျိုးတို့မူကား ပင်လယ်ကမ်းစပ်၌ အတုံးအရုံးလဲသေနေသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ရလေ၏။ Common Language Bible ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။- Garrad Bible ထို နေ့ ၌ ဣ သ ရေ လ လူ တို့ ကို အိ ဂျစ် လူ တို့ လက် မှ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ သ ဖြင့် ပင် လယ် ကမ်း ခြေ တစ် လျှောက် အိ ဂျစ် လူ တို့ အ လောင်း များ ကို မြင် ရ ကြ ၏။ Judson Bible ထိုသို့ထာဝရဘုရားသည် ထိုနေ့၌ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူအသေကောင်တို့ကို မြင်ရကြ၏။ |
ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
မုန်းသောသူ၏လက်မှ သူတို့ကိုကယ်တင်တော်မူ၍ ရန်သူ၏လက်မှ သူတို့ကိုရွေးနုတ်တော်မူ၏။
သို့သော် ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ထင်ရှားစေရန် မိမိ၏နာမတော်ကိုထောက်၍ သူတို့ကိုကယ်တင်တော်မူ၏။
ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။ သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။
အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်သည် အကျွန်ုပ်ကိုကြိုဆိုတော်မူလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်အား ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသောအခွင့်ကို ပေးတော်မူလိမ့်မည်။
သင်သည် ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့်ပြစ်ဒဏ်ကို သင့်မျက်စိဖြင့်ကြည့်၍ မြင်ရုံမျှသာဖြစ်လိမ့်မည်။
မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။
ထိုအခါ ကိုယ်တော်သည် မောရှေနှင့်လူမျိုးတော်တို့ခေတ်မှအချိန်ကာလကို အောက်မေ့တော်မူ၏။ သိုးစုကို သိုးထိန်းတို့နှင့်အတူ ပင်လယ်ထဲမှခေါ်ဆောင်လာသောသူကား အဘယ်မှာနည်း။ သူတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော်ကို ချပေးသောသူကား အဘယ်မှာနည်း။
ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ယုဒအမျိုးအနွယ်ကိုမူကား ငါသနားစုံမက်မည်။ သူတို့ကို လေး၊ ဓား၊ စစ်မက်၊ မြင်း၊ မြင်းစီးသူရဲတို့ဖြင့် ကယ်တင်မည်မဟုတ်။ သူတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တိုင် သူတို့ကိုကယ်တင်မည်”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။
ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။
သို့သော် ရှောလုက “ယနေ့မှာ အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားကယ်တင်တော်မူပြီဖြစ်၍ မည်သူ့ကိုမျှ မသတ်ရ”ဟု ဆို၏။
ဤသို့ဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို ထိုနေ့တွင် ကယ်တင်တော်မူ၍ တိုက်ပွဲမှာ ဗေသဝင်မြို့သို့တိုင် ရောက်လေ၏။