သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
ထွက်မြောက် 14:24 - မြန်မာ့စံမီသမ္မာကျမ်း မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ Common Language Bible နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် မီး တိုင်၊ တိမ် တိုင် ထဲ မှ အိ ဂျစ် တပ် ကို မ စ္ဆိ မ ယံ ၌ စီး ကြည့်၍ ရုန်း ရင်း ခတ် ဖြစ် စေ တော် မူ လျက်၊ Judson Bible နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍နှောင့်ယှက်တော်မူ၏။ |
သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
သူတို့သည် တစ်ခဏချင်းတွင် သေသွားနိုင်၏။ ညသန်းခေါင်ချိန်တွင်ပင် လူတို့သည် တုန်လှုပ်ချောက်ချား၍ သေဆုံးသွားတတ်ကြ၏။ အားကြီးသူတို့ပင် လူ့လက်ဖြင့်မဟုတ် မိမိအလိုလိုပျောက်ကွယ်သွားရတတ်၏။
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
မောက်မာသောသူတို့ကို နှိမ့်ချကြည့်လိုက်ပါ။ လူယုတ်မာတို့ကို သူတို့ရှိသောနေရာတွင်ပင် နင်းချေလိုက်ပါ။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောအခါ ၎င်းသည် တုန်လှုပ်၏။ တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်ကြ၏။
သူတို့သည် ၎င်းကိုမြင်ရကြသည်နှင့် အံ့အားသင့်လျက် ထိတ်လန့်၍ပြေးလွှားကြ၏။
နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်၏ရှေ့မှောက်တွင် အနှစ်တစ်ထောင်သည် ကုန်လွန်ပြီးသော ယမန်နေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေတော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။
ရန်သူတို့ရှိရာသို့ သုံ့ပန်းအဖြစ်ပါသွားလျှင် ထိုနေရာ၌ ငါ့အမိန့်ဖြင့် ဓားနှင့်အသတ်ခံရမည်။ ကောင်းစားစေရန်အတွက် မဟုတ်၊ ဒုက္ခရောက်စေရန်အတွက် သူတို့ကို ငါစောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့တွင် ရှောလုသည် လူတို့ကို သုံးဖွဲ့ခွဲပြီး မိုးသောက်ယံအချိန်၌ ရန်သူ့တပ်စခန်းသို့ဝင်၍ နေမြင့်သည့်တိုင်အောင် အမ္မုန်လူမျိုးတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း နှစ်ယောက်အတူပင်ရှိမနေနိုင်ဘဲ တကွဲတပြားစီထွက်ပြေးကြရလေ၏။