ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ထွက်မြောက် 13:19 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ယောသပ်၏အရိုးများကို မိမိနှင့်အတူ ယူဆောင်သွား၏။ အကြောင်းမူကား ယောသပ်က အစ္စရေးအမျိုးသားတို့အား “ဘုရားသခင်သည် သင်တို့ကို အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ ငါ၏အရိုးတို့ကို သင်တို့နှင့်အတူ ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် ကြပ်ကြပ်ကျိန်ဆိုစေခဲ့သောကြောင့်ဖြစ်၏။ Common Language Bible ယောသပ်ကဣသရေလအမျိုးသားတို့အား ကတိသစ္စာထားစေခဲ့သည့်အတိုင်း မောရှေ သည်ယောသပ်၏အရိုးတို့ကိုယူဆောင်ခဲ့ လေသည်။ ယောသပ်က``ဘုရားသခင်သည် သင်တို့ကိုကယ်တင်ထုတ်ဆောင်သောအခါ ငါ့အရိုးတို့ကိုဤအရပ်မှယူဆောင် သွားရမည်'' ဟုခိုင်မြဲသောကတိပြု စေ၏။ Garrad Bible ယ မန် ယော သပ် က၊ ဘု ရား သ ခင် သည် သင် တို့ အား အ ကြည့် အ ရှု မု ချ ကြွ ရောက် တော် မူ မည်။ ထို အ ခါ ကျွန်ုပ် အ ရိုး များ ကို ဤ ပြည် မှ ဆောင် ယူ ရ မည် ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ ကို ခိုင် ခံ့ စွာ သ စ္စာ ဆို စေ သည့် အ တိုင်း သူ့ အ ရိုး များ ကို မော ရှေ ဆောင် ခဲ့ လေ ၏။ Judson Bible အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။ |
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။
ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။
လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
ယောသပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် အစ္စရေးအမျိုးသားတို့၏ထွက်မြောက်ခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့်ပတ်သက်၍ မှာကြားခဲ့၏။
သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။