သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။
ထွက်မြောက် 12:46 - မြန်မာ့စံမီသမ္မာကျမ်း ပသခါသိုးကို အိမ်တစ်အိမ်ထဲ၌ စားရမည်။ အသားကို အိမ်ထဲမှ အပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။ Common Language Bible ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။- Garrad Bible အ သား ကို အိမ့် ပြင် သို့ မ ရောက် စေ ဘဲ တစ် အိမ် တည်း သာ စား ရ၏။ အ ရိုး ကို လည်း မ ချိုး ရ။ Judson Bible တစ်အိမ်တည်း၌တစ်ကောင်ကိုစားရ၏။ အသားကိုအိမ်ပြင်သို့ယူမသွားရ။ အရိုးကိုလည်းမချိုးရ။ |
သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။
မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကိုသေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။
အသားကို နံနက်တိုင်အောင် မကြွင်းကျန်စေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲတော်၏ပြဋ္ဌာန်းချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်။
သို့သော် ယေရှုထံသို့ရောက်၍ ကိုယ်တော်သေဆုံးပြီဖြစ်ကြောင်း တွေ့မြင်သောအခါ ခြေတော်ကိုမချိုးဘဲ
ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။
ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။