Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:46 - Common Language Bible

46 ပသခါ​စား​ပွဲ​ကို​ပြင်​ဆင်​သော​အိမ်​ထဲ​၌​သာ စား​ရ​မည်။ အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ သား ကောင်​၏​အ​ရိုး​များ​ကို​လည်း​မ​ချိုး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 အ သား ကို အိမ့် ပြင် သို့ မ ရောက် စေ ဘဲ တစ် အိမ် တည်း သာ စား ရ၏။ အ ရိုး ကို လည်း မ ချိုး ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 တစ်​အိမ်​တည်း၌​တစ်​ကောင်​ကို​စား​ရ၏။ အ​သား​ကို​အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 ပသခါသိုး​ကို အိမ်​တစ်​အိမ်​ထဲ၌ စား​ရ​မည်​။ အသား​ကို အိမ်​ထဲမှ အပြင်​သို့ ယူ​မ​သွား​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:46
7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။


သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။


နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-


ကိုယ်​တော်​ထံ​သို့​ရောက်​ကြ​သော​အ​ခါ​အ​သက် ချုပ်​တော်​မူ​ပြီး​ကြောင်း​ကို​တွေ့​ရှိ​သ​ဖြင့် ခြေ တော်​တို့​ကို​မ​ချိုး​ကြ​တော့​ချေ။-


ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။-


ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ