သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။
ထွက်မြောက် 12:31 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကို ညတွင်းချင်းဆင့်ခေါ်၍ “သင်တို့မှစ၍ အစ္စရေးအမျိုးသားတို့ပါ ထ၍ ငါ၏လူမျိုးထဲမှ ထွက်သွားကြလော့။ သင်တို့လျှောက်ထားသည့်အတိုင်း ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။ Common Language Bible ထိုညချင်းတွင်ဘုရင်သည်မောရှေနှင့်အာရုန် တို့ကိုခေါ်၍``သင်တို့နှင့်ဣသရေလအမျိုး သားတို့သည် ငါ၏ပြည်မှထွက်သွားကြ လော့။ သင်တို့တောင်းဆိုသည့်အတိုင်းသွား၍ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြ လော့။- Garrad Bible ညဉ့် အ ခါ၌ ပင် မော ရှေ နှင့် အာ ရုန် တို့ ကို ခေါ်၍ ဘု ရင် မင်း က၊ သင် တို့ နှင့် ဣ သ ရေ လ အ မျိုး သား တို့ ပါ ပြည် သူ ပြည် သား တို့ ဘောင် မှ ထ၍ ထွက် သွား ပြီး လျှင် တောင်း ခဲ့ သည့် အ တိုင်း ထာ ဝ ရ ဘု ရား အား ဝတ် ပြု ကြ လော့။ Judson Bible ထိုညချင်းတွင် မောရှေနှင့် အာရုန်ကိုခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲကထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအားသွား၍ ဝတ်ပြုကြလော့။ |
သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။
မောရှေကလည်း “အရှင်မိန့်ဆိုသည့်အတိုင်းပေတည်း။ အကျွန်ုပ်သည် အရှင့်ရှေ့သို့ နောက်ထပ်မဝင်တော့ပါ”ဟု ဆိုလေ၏။
မောရှေက “အကျွန်ုပ်တို့သည် လူကြီးရော လူငယ်ပါ သွားကြပါမည်။ အကျွန်ုပ်တို့၏သားသမီးများနှင့်တကွ အကျွန်ုပ်တို့၏သိုးဆိတ်များ၊ နွားများကိုလည်း ခေါ်ဆောင်သွားပါမည်။ အကြောင်းမူကား ထာဝရဘုရား၏ပွဲတော်ကို ကျင်းပရမည်ဖြစ်၏”ဟု ဆိုလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ငါသည် နောက်ဘေးဒဏ်တစ်ပါးကို ဖာရောမင်းကြီးနှင့် အီဂျစ်ပြည်ပေါ်သို့ ကျရောက်စေဦးမည်။ ထို့နောက်မှ သင်တို့ကို ဤပြည်မှ လွှတ်ပေးလိမ့်မည်။ လွှတ်ပေးသောအခါတွင်လည်း သင်တို့ကို ဤပြည်မှ တစ်ယောက်မကျန်နှင်ထုတ်လိမ့်မည်။
အရှင်၏အမှုထမ်းအပေါင်းတို့သည် အကျွန်ုပ်ထံသို့လာ၍ အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်လျက် ‘သင်နှင့် သင်၏နောက်လိုက်နောက်ပါအပေါင်းတို့ ထွက်သွားကြပါလော့’ဟု ပြောဆိုမှ အကျွန်ုပ်ထွက်သွားမည်”ဟု ဆိုပြီးနောက် အမျက်ပြင်းစွာထွက်လျက် ဖာရောမင်းကြီးထံမှ ထွက်သွားလေ၏။
အီဂျစ်ပြည်မှနှင်ထုတ်ခံရစဉ်က သူတို့သည်အချိန်မရသဖြင့် မိမိတို့အတွက်စားနပ်ရိက္ခာကိုပင် မပြင်ဆင်နိုင်ကြ။ ထို့ကြောင့် အီဂျစ်ပြည်မှယူဆောင်လာသည့် တဆေးမဖောက်ထားသော မုန့်နှစ်ဖြင့် တဆေးမဲ့မုန့်ပြားကိုသာ ဖုတ်စားကြရ၏။
ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ “သွားကြလော့။ ဤပြည်၌သာ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်ကြလော့”ဟု ဆိုလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ဖာရောမင်းကြီးအပါအဝင် အီဂျစ်လူမျိုးတို့ စိတ်နှလုံးမာကျောခဲ့သကဲ့သို့ အဘယ်ကြောင့် သင်တို့ စိတ်နှလုံးမာကျောကြသနည်း။ သူတို့ကို ဘုရားသခင် ပြင်းထန်စွာဒဏ်ခတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့ကို လွှတ်လိုက်ရသဖြင့် အစ္စရေးလူမျိုးတို့ ထွက်လာကြရသည်မဟုတ်လော။