ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ထွက်မြောက် 12:24 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဤအစဉ်အလာကို ပြဋ္ဌာန်းချက်အဖြစ် သင်နှင့်သင့်သားမြေးများသည် အစဉ်အမြဲစောင့်ထိန်းရမည်။ Common Language Bible သင်တို့နှင့်သင်တို့၏သားသမီးများသည် ဤပညတ်ချက်များကိုအစဉ်လိုက်နာ ကျင့်သုံးရကြမည်။- Garrad Bible သင် တို့ နှင့် သား မြေး များ ၌ အ ထုံး အ ဖွဲ့ အ ဖြစ် ဤ အ မှု ကို အ စဉ် အ မြဲ စောင့် ရှောက် ကြ ရ မည်။ Judson Bible သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲစောင့်ရကြမည်။ |
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ဤနေ့၌ သင်တို့လူစုကို အီဂျစ်ပြည်ထဲမှ ငါထုတ်ဆောင်လာခဲ့သည်ဖြစ်၍ ဤနေ့၌ တဆေးမဲ့မုန့်ပွဲတော်ကို သင်တို့ကျင်းပရမည်။ ဤနေ့ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် စောင့်ထိန်းရမည်။
သင်တို့အားပေးမည်ဟု ထာဝရဘုရားကတိထားသောပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ သင်တို့သည် ဤအစဉ်အလာကို စောင့်ထိန်းရမည်။
သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဤပြဋ္ဌာန်းချက်ကို သတ်မှတ်ထားသောအချိန်၌ သင်တို့စောင့်ထိန်းရမည်။
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။