ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ထွက်မြောက် 12:19 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်ပတ်လုံး သင်တို့၏အိမ်များ၌ တဆေးမရှိစေရ။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ တဆေးပါသောမုန့်ကိုစားသောမည်သူမဆို အစ္စရေးလူထုထဲမှ ပယ်ဖျက်ခြင်းခံရမည်။ Common Language Bible ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။- Garrad Bible ခု နစ် ရက် ပတ် လုံး သင် တို့ အိမ် များ၌ တ ဆေး မ ရှိ ရ။ ဝင် နေ သူ ဖြစ် စေ၊ တိုင်း ရင်း သား ဖြစ် စေ၊ တ ဆေး ခတ် မုန့် ကို စား သော သူ မည် သည် ကား ဣ သ ရေ လ လူ မျိုး ပ ရိ သတ် မှ ပယ် ရှား ခံ ရ မည်။ Judson Bible ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တစ်ကျွန်းတစ်နိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုးပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ |
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
သင်တို့သည် တဆေးပါသောအရာတစ်စုံတစ်ခုကိုမျှ မစားရ။ မည်သည့်အရပ်၌နေထိုင်သည်ဖြစ်စေ တဆေးမဲ့မုန့်ကို စားရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုကျင်းပလိုလျှင် သူနှင့်အတူရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးခြင်းကိုခံရမည်။ သို့ပြီးမှ သူသည် ပသခါပွဲကိုပါဝင်ကျင်းပနိုင်မည်။ အမျိုးသားချင်းကဲ့သို့လည်းဖြစ်မည်။ သို့သော် အရေဖျားလှီးခြင်းမခံသောသူမည်သူမျှ ပသခါသိုးကိုမစားရ။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားရမည်။ သင်တို့၌ တဆေးပါသောမုန့်ကိုမတွေ့ရစေနှင့်။ သင်တို့၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကိုလည်း မတွေ့ရစေနှင့်။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။