မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
တရားဟော 9:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါသည် ငါ့လက်နှစ်ဖက်နှင့်ကိုင်ထားသောကျောက်ပြားနှစ်ချပ်ကို ပစ်ချ၍ သင်တို့မျက်စိရှေ့တွင်ပင် ချိုးဖဲ့လေ၏။ Common Language Bible ထို့ကြောင့်ငါသည်သင်တို့ရှေ့တွင်ကျောက်ပြား များကိုပစ်ချသဖြင့် ကျောက်ပြားများကျိုး ပဲ့ကြေမွကုန်၏။- Garrad Bible ကျောက် နှစ် ပြား ကို သင် တို့ မျက် မှောက် တွင် ပင် စုံ ကိုင် ပစ် ချ ချိုး ဖဲ့ ပြီး မှ၊ Judson Bible လက်နှစ်ဖက်နှင့်ကိုင်သော ကျောက်ပြားတို့ကိုချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။ |
မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
ထိုအချိန်၌ သင်တို့သည် ထာဝရဘုရားမိန့်မှာထားသည့်လမ်းမှ မြန်မြန်ဆန်ဆန်လွဲသွားကြ၍ မိမိတို့အတွက် နွားသငယ်ရုပ်တုကိုသွန်းလုပ်ခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ပြစ်မှားကြသည်ကို ငါမြင်၏။
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။