သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
တရားဟော 8:7 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သာယာဝပြောသောပြည်ဖြစ်သည့် ချိုင့်ဝှမ်း၊ တောင်ကုန်းတို့ထဲမှ စီးထွက်လာသည့် စမ်းချောင်း၊ စမ်းရေတွင်း၊ စိမ့်စမ်းရေတို့နှင့်ပြည့်သောပြည်၊ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကောင်း မွန် သော ပြည်၊ လွင် ပြင်၊ တောင် ရိုး များ မှ ထွက် စီး ရာ ချောင်း ရေ၊ စမ်း ရေ၊ စိမ့် ရေ များ နှင့် ပြည့် စုံ သော ပြည်၊ Judson Bible အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊ |
သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
ကိုယ်တော်သည် လျှိုမြောင်များထဲ၌ စမ်းရေတို့ကိုထွက်စေတော်မူ၍ တောင်များကြား၌ စီးဆင်းကြပါ၏။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
နောက်မှ ငါလာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်သို့ သင်တို့ကို ငါခေါ်ဆောင်သွားမည်။
ငါချစ်သောသူအတွက် သူ၏စပျစ်ခြံကိုရည်စူး၍ မေတ္တာသီချင်းကို ငါသီဆိုမည်။ မြေဆီမြေနှစ်ကောင်းသောတောင်ကုန်းပေါ်တွင် ငါချစ်သောသူ၏စပျစ်ခြံရှိ၏။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ထိုပြည်မှ မျိုးစေ့အချို့ကိုယူပြီး ရေဝသောမြေပေါ်မှာ စိုက်ထားသောမိုးမခပင်ကဲ့သို့ မြေဩဇာကောင်းသောမြေတွင် စိုက်ထား၏။
ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။
သင်၏ဘုရားသခင်ထာဝရဘုရား၏လမ်းတော်သို့လိုက်၍ ကိုယ်တော်ကိုကြောက်ရွံ့မည့်အကြောင်း ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းရမည်။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊
သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။