သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
တရားဟော 8:3 - မြန်မာ့စံမီသမ္မာကျမ်း လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်ဘဲ ထာဝရဘုရား၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်သည်ကို သင်သိမြင်မည့်အကြောင်း ကိုယ်တော်သည် သင့်ကိုနှိမ့်ချလျက် ငတ်မွတ်စေပြီး သင်မသိ၊ သင်၏ဘိုးဘေးတို့လည်းမသိသော မန္နမုန့်ဖြင့် သင့်အားကျွေးမွေးတော်မူခဲ့၏။ Common Language Bible ကိုယ်တော်သည်သင်တို့ကိုအစာငတ်စေတော် မူ၏။ ထို့နောက်သင်တို့နှင့်သင်တို့၏ဘိုးဘေး များမစားဘူးသောမန္နမုန့်ကိုကျွေးတော်မူ သည်။ ဤနည်းအားဖြင့်လူသည်အစားအစာ ကိုသာမှီဝဲ၍ အသက်ရှင်ရသည်မဟုတ်။ ထာဝရ ဘုရားမိန့်တော်မူသမျှကိုမှီဝဲ၍ အသက်ရှင် ရမည်ဖြစ်ကြောင်းသင်တို့အားသွန်သင်တော် မူ၏။- Garrad Bible လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ကို သိ ကြ စေ ခြင်း ငှါ၊ သင် တို့ ကို နှိမ့် ချ၍ မွတ် သိပ် စေ တော် မူ သော အ ခါ၊ သင် တို့ သော် လည်း ကောင်း၊ ဘိုး ဘေး များ သော် လည်း ကောင်း၊ မ သိ ဘူး သော မ န္န မုန့် နှင့် ကျွေး မွေး တော် မူ သည့် ပြင်၊ Judson Bible ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဖူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။ |
သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ကိုယ်တော်ကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သည်ကို သင်တို့သိမြင်မည့်အကြောင်း သင်တို့ကို အနှစ်လေးဆယ်ပတ်လုံး တောကန္တာရထဲ၌ ပို့ဆောင်ခဲ့၏။ သင်တို့ကိုယ်ပေါ်မှ အဝတ်အစား မဟောင်းနွမ်း။ သင်တို့ခြေမှဖိနပ်သည်လည်း မစုတ်မပြတ်။
သင်တို့သည် မုန့်မစားခဲ့ရ၊ စပျစ်ဝိုင်နှင့်သေရည်သေရက်လည်း မသောက်ခဲ့ရကြ။
ဤတရားစကားသည် သင်တို့အဖို့ အချည်းနှီးစကားမဟုတ်။ သင်တို့၏အသက်ဖြစ်၏။ ဤတရားစကားကို စောင့်ထိန်းခြင်းဖြင့် သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သိမ်းပိုက်မည့်ပြည်၌ အသက်ရှည်ရှည်နေထိုင်ရမည်ဖြစ်၏”ဟု ဆိုလေ၏။
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။