ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
တရားဟော 7:26 - မြန်မာ့စံမီသမ္မာကျမ်း စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။ Common Language Bible ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။'' Garrad Bible မြေ လှန် ဖွယ် ရာ ဖြစ် သော ကြောင့်၊ လုံး လုံး စက် ဆုပ် ရွံ ရှာ လျက်၊ ထို ရွံ ရှာ ဖွယ် ကဲ့ သို့ မြေ လှန် ရာ ကိုယ် တိုင် မ ပါ မ ရောက် အောင်၊ အိမ် တွင်း သို့ မ သွင်း ကြ ရ။ Judson Bible စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည် အကြွင်းမဲ့စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ်သောအရာပင် ဖြစ်ပေ၏။ |
ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
သင်တို့သည် ဘာမျှမဟုတ်သောအရာဖြစ်၏။ သင်တို့၏လုပ်ဆောင်ချက်သည် အချည်းနှီးသက်သက်ဖြစ်၏။ သင်တို့ကို ရွေးချယ်သောသူသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့ပြန်လာကြသောအခါ ထိုပြည်ရှိ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ဖယ်ရှားပစ်ကြလိမ့်မည်။
ငါနှင့်ဝေးကွာ၍ မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော မည်သည့်အစ္စရေးလူမျိုးမဆို၊ အစ္စရေးလူမျိုးတို့နှင့်အတူနေထိုင်သော မည်သည့်တိုင်းတစ်ပါးသားမဆို ငါထာဝရဘုရားကိုယ်တိုင် တုံ့ပြန်မည်။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။
အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
ထိုသို့ သင်၏ဘုရားသခင်ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှုကိုပြု၍ ယနေ့ သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်ရမည်။