ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
တရားဟော 7:23 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်လက်သို့ အပ်တော်မူမည်။ သူတို့ဖျက်ဆီးခြင်းမခံရမချင်း သူတို့ကို ကြီးမားသော ထိတ်လန့်ချောက်ချားဖွယ်ရာများနှင့် ကြုံတွေ့စေတော်မူမည်။ Common Language Bible ထာဝရဘုရားသည်ရန်သူများကိုသင်တို့ ၏လက်သို့အပ်သဖြင့် သူတို့သည်ကစဥ့် ကလျားဖြစ်၍ချေမှုန်းခြင်းကိုခံရကြ လိမ့်မည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး များ ကို သင် တို့ ရှေ့ အပ် နှင်း တော် မူ သည့် အ တိုင်း ကောင်း ကင် အောက် မှ၊ ချင်း တို့ အ မည် ပါ ချေ ဖျောက် ကြ သည့် တိုင် အောင် ပယ် ရှား တော် မ မူ မ ချင်း၊ လုပ် ကြံ ကွပ် မျက် လျက်၊ ချင်း တို့ မင်း များ ကို လည်း သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ မည် ဖြစ်၍၊ သင် တို့ ရှေ့ မည် သူ မျှ ခံ ရပ် နိုင် မည် မ ဟုတ်။ Judson Bible သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကိုသင်၌အပ်၍၊ သူတို့မပျက်စီးမီတိုင်အောင်၊ ကြီးစွာသောပျက်စီးခြင်းကို စီရင်တော်မူမည်။ |
ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
အကယ်စင်စစ် တပ်စခန်းထဲရှိ ထိုသူတို့ သေကုန်သည်အထိ ထာဝရဘုရား၏လက်တော်သည် သူတို့ကို ဖျက်ဆီးတော်မူ၏။
ထာဝရဘုရားသည် သူတို့ကို သင်တို့၌အပ်တော်မူမည်ဖြစ်၍ ငါမှာကြားသောပညတ်တော်ရှိသမျှအတိုင်း သူတို့ကိုပြုရမည်။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားကိုနားမထောင်သောကြောင့် သင်တို့၏ရှေ့တွင် ထာဝရဘုရားဖျက်ဆီးတော်မူခဲ့သည့်လူမျိုးများကဲ့သို့ သင်တို့ပျက်စီးကြရလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
ထာဝရဘုရားသည် သိသရမှစ၍ စစ်ရထား၊ စစ်သည်ရှိသမျှတို့ကို ဗာရက်၏ဓားသွားဖြင့် မရှုမလှရှုံးနိမ့်စေတော်မူသောကြောင့် သိသရသည် သူ၏စစ်ရထားပေါ်မှဆင်းပြီး ခြေကျင်ဖြင့် ထွက်ပြေးလေ၏။