ငါတို့ကိုကား ထိုပြည်ကို ငါတို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ပို့ဆောင်ရန် အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
ငါတို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း ငါတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှလွတ်မြောက်စေပြီးလျှင် ဤပြည် တွင်နေထိုင်ရန်ပို့ဆောင်တော်မူ၏။-
ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သော ပြည် ကို ပေး သ နား ၍ ပို့ သွင်း ရန် ထုတ် ဆောင် တော် မူ သည် နှင့် အ ညီ၊
ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှနုတ်ဆောင်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။
‘ထိုပြည်ကို သင်တို့ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုသာယာဝပြောသောပြည်ကို ဆိုးညစ်သောမျိုးဆက်ဖြစ်သည့် ဤလူတို့တစ်ယောက်မျှမြင်ရလိမ့်မည်မဟုတ်။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားပေးမည်ဟု သင်တို့ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူ၍ သင်တို့မတည်ဆောက်ဘဲ တည်ဆောက်ပြီးသား သာယာဝပြောသောမြို့ကြီးများ၊
ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှု၊ ကောင်းသောအမှုတို့ကို ပြုလော့။ သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကိုသင်တို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုသာယာဝပြောသောပြည်ကို သင်တို့ဝင်ရောက်သိမ်းပိုက်၍ ကောင်းစားကြလိမ့်မည်။
ထိုအချိန်၌ ထာဝရဘုရားသည် ငါတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာများ၊ ကြီးမား၍ ကြောက်စရာကောင်းသော အံ့ဩဖွယ်အမှုများကို အီဂျစ်ပြည်အပေါ်၊ ဖာရောမင်းကြီးနှင့်သူ၏နန်းတော်သူနန်းတော်သားအပေါင်းတို့အပေါ် ကျရောက်စေတော်မူခဲ့၏။
ယနေ့ကဲ့သို့ ငါတို့သည် အစဉ်ကောင်းစား၍ အသက်ချမ်းသာရာရမည့်အကြောင်း ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာရန် ငါတို့အား ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။