တရားဟော 5:13 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။ Common Language Bible ခြောက်ရက်ပတ်လုံးအလုပ်လုပ်လော့။ Garrad Bible ခြောက် ရက် အ တွင်း ကိုယ့် အ မှု အ ရေး ရှိ သ မျှ ကို လုပ် ဆောင် ရ သော် လည်း၊ Judson Bible ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ |
ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ ထွန်ယက်ချိန်ဖြစ်စေ၊ ရိတ်သိမ်းချိန်ဖြစ်စေ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။
ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသောဘုရားဖြစ်ကြောင်း သူတို့သိရှိရန် အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို သတ်မှတ်ပေးခဲ့၏။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။
ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းလော့။
သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများမှစ၍ နွား၊ မြည်းစသောတိရစ္ဆာန်များ၊ သင့်မြို့၌ရှိသောတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။ သင်အနားယူသကဲ့သို့ သင်၏ကျွန်ယောက်ျားကျွန်မိန်းမတို့သည်လည်း အနားယူကြရမည်။