ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏ပြည်ကို သိမ်းပိုက်ခဲ့ကြ၏။
သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
ဗာရှန်ရှင်ဘုရင်ဩဃတည်းဟူသော၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌နေသော အာမောရိရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။