ထာဝရဘုရားသည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၊ ဩဃမင်းကြီးနှင့် သူတို့၏ပြည်ကို ဖျက်ဆီးတော်မူသကဲ့သို့ ထိုလူမျိုးတို့ကို ပြုတော်မူမည်။
တရားဟော 31:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သူတို့ကို သင်တို့၌အပ်တော်မူမည်ဖြစ်၍ ငါမှာကြားသောပညတ်တော်ရှိသမျှအတိုင်း သူတို့ကိုပြုရမည်။ Common Language Bible ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။- Garrad Bible သင် တို့ ရှေ့ အပ် နှင်း တော် မူ သည် နှင့် ငါ မိန့် မှာ သ မျှ ပ ညတ် အ တိုင်း သင် တို့ ပြု ကြ ရ မည်။ Judson Bible ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။ |
ထာဝရဘုရားသည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၊ ဩဃမင်းကြီးနှင့် သူတို့၏ပြည်ကို ဖျက်ဆီးတော်မူသကဲ့သို့ ထိုလူမျိုးတို့ကို ပြုတော်မူမည်။
သူတို့ကို မကြောက်နှင့်။ ဖာရောမင်းကြီးနှင့် အီဂျစ်လူမျိုးအပေါင်းတို့၌ သင်၏ဘုရားသခင်ထာဝရဘုရားပြုတော်မူခဲ့သည့်အမှုကိုအောက်မေ့လော့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်မှာခဲ့သည့်အတိုင်း မောရှေက ယောရှုအား ဆင့်ဆိုရာ ယောရှုသည် ထိုအတိုင်းပြုလေ၏။ ထာဝရဘုရားက မောရှေအားမိန့်မှာခဲ့သမျှကို ယောရှုက မပြုဘဲချန်ထားခဲ့သည်ဟူ၍ တစ်စုံတစ်ခုမျှမရှိ။