ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ ကောင်းသောအမှုကိုလည်းပြုတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
တရားဟော 30:5 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့ပိုင်ဆိုင်ခဲ့သည့်ပြည်သို့ သင့်ကို ပို့ဆောင်တော်မူ၍ သင်သည် ထိုပြည်ကို ပိုင်ဆိုင်ရမည်။ သင့်ကိုကောင်းစားစေ၍ သင့်ဘိုးဘေးတို့ထက် သင့်ကိုတိုးပွားစေတော်မူမည်။ Garrad Bible ဘိုး ဘေး တို့ ပိုင် ပြည် ကို ဆက် ခံ ရန် ခေါ် သွင်း တော် မူ ပြီး လျှင်၊ ဘိုး ဘေး တို့ ထက် ကျေး ဇူး ပြု၍ များ ပြား စေ တော် မူ လိမ့် မည်။ Judson Bible ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တစ်ဖန်ဆောင်ခဲ့တော်မူသဖြင့်၊ သင်သည် ဝင်စားရလိမ့်မည်။ ထိုအခါကျေးဇူးပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကိုသာ၍ များစေတော်မူလိမ့်မည်။ |
ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ ကောင်းသောအမှုကိုလည်းပြုတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
သင်တို့သည် ငါ့ကို တွေ့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သင်တို့ကို ငါပြန်ခေါ်လာမည်။ လူမျိုးတကာတို့ထံမှလည်းကောင်း၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှလည်းကောင်း သင်တို့အား ပြန်စုဝေးစေမည်ဟုလည်း ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်ရာအရပ်မှ သင်တို့ကိုပြန်ခေါ်လာမည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့ပေါ်တွင် လူနှင့်တိရစ္ဆာန်တို့ကိုလည်း တိုးပွားစေသဖြင့် အမြောက်အမြားတိုးပွားကြလိမ့်မည်။ သင်တို့ကို ယခင်ကကဲ့သို့ လူနေထိုင်ရာပြန်ဖြစ်စေမည်။ ယခင်ကထက် ပို၍ကောင်းစားစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။