အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
တရားဟော 3:29 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ငါတို့သည် ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ နေထိုင်ကြရ၏။ Common Language Bible ``သို့ဖြစ်၍ငါတို့သည်ဗက်ပေဂုရမြို့တစ်ဘက် တွင်ရှိသောချိုင့်ဝှမ်း၌စခန်းချကြ၏။'' Garrad Bible ငါ တို့ သည် ဗက် ပေ ဂု ရ မြို့ ရင် ဆိုင် ချိုင့် တွင် စွဲ ရပ် နေ ကြ ရ သ တည်း။ Judson Bible ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တစ်ဖက်၌ ရှိသောချိုင့်တွင်နေရကြ၏။ |
အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
ထိုသို့ အစ္စရေးလူမျိုးတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်လေ၏။
ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင် မောဘပြည်ရှိချိုင့်ဝှမ်း၌ သူ့ကို သင်္ဂြိုဟ်တော်မူ၏။ သူ့ကိုသင်္ဂြိုဟ်သောနေရာကို ယနေ့တိုင်အောင် မည်သူမျှမသိ။
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
ဤတရားကို ဂျော်ဒန်မြစ်တစ်ဖက်၊ ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ မိန့်ဆိုခဲ့ခြင်းဖြစ်၏။ ထိုအရပ်သည် မောရှေနှင့်အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် တိုက်ခိုက်ခဲ့သော ဟေရှဘုန်မြို့၌စံမြန်းသည့် အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နယ်မြေဖြစ်၏။