ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
တရားဟော 29:15 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ယနေ့ ဤနေရာ၌ငါတို့နှင့်အတူရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ရပ်နေသောသူတို့နှင့်လည်းကောင်း၊ ယနေ့ ဤနေရာ၌ငါတို့နှင့်အတူမရှိသောသူတို့နှင့်လည်းကောင်း ပြုတော်မူ၏။ Common Language Bible ကိုယ်တော်၏ရှေ့တော်တွင်ယနေ့ရပ်နေ ကြသောငါတို့အပေါင်းနှင့်သော်လည်း ကောင်း၊ ယခုငါတို့နှင့်အတူမရှိသေး သောနောင်လာနောက်သားတို့နှင့်သော် လည်းကောင်းပြုတော်မူ၏။ Judson Bible ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသောသူတို့နှင့်လည်းကောင်း၊ ငါတို့တွင် ယနေ့မပါသောသူတို့နှင့်လည်းကောင်း ငါပြု၏။ |
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
အကြောင်းမူကား ယုံကြည်သူမဟုတ်သောလင်ယောက်ျားသည် မိမိမယားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ ယုံကြည်သူမဟုတ်သောမယားသည်လည်း မိမိလင်ယောက်ျားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် ညစ်ညူးကြလိမ့်မည်။ သို့သော် ယခု သူတို့သည် သန့်ရှင်းကြ၏။
အီဂျစ်ပြည်တွင် ငါတို့မည်သို့နေထိုင်ခဲ့ရသည်ကိုလည်းကောင်း၊ လမ်းခရီးတွင် လူမျိုးခြားတို့အလယ်၌ မည်သို့ဖြတ်ကျော်လာခဲ့ရသည်ကိုလည်းကောင်း သင်တို့သိကြ၏။
ဤပဋိညာဉ်ကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့် ဖွဲ့တော်မူသည်မဟုတ်ဘဲ ဤနေရာ၌ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အားလုံးနှင့် ဖွဲ့တော်မူခြင်းဖြစ်၏။