Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 29:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အီဂျစ်​ပြည်​တွင် ငါ​တို့​မည်သို့​နေထိုင်​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ လမ်းခရီး​တွင် လူမျိုးခြား​တို့​အလယ်​၌ မည်သို့​ဖြတ်ကျော်​လာ​ခဲ့​ရ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ``အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ အ​ခြား​လူ မျိုး​တို့​၏​နယ်​မြေ​ကို​ဖြတ်​သန်း​သွား​ရာ ၌​လည်း​ကာင်း၊ ငါ​တို့​၏​ဘ​ဝ​အ​တွေ့ အ​ကြုံ​ကို​သင်​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် တို့ မှာ မူ၊ အိ ဂျစ် ပြည်၌ ငါ တို့ အ နေ အ ထိုင် ကိုလည်း ကောင်း၊ လူ မျိုး ခြား တို့ နယ် တစ် လျှောက် အ ဖြတ် အ သန်း ကိုလည်း ကောင်း၊ သိ မှတ် ကြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ပေါင်း​ဖော်​သော​သူ၊ ခ​ရီး​သွား၍ လမ်း၌​တွေ့​ကြုံ​သော လူ​မျိုး​တို့​ကို သင်​တို့​သိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 29:16
8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သူ​တို့​အား ‘သင်​တို့​ကိုးစား​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ကို စွန့်ပစ်​လော့​။ အီဂျစ်​ရုပ်တု​များ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု မိန့်ဆို​ခဲ့​၏​။


သင်​တို့​သည် အမ္မုန်​အမျိုးသား​တို့​ထံသို့​ရောက်​သောအခါ သူ​တို့​ကို ရန်​မ​ပြု​နှင့်​။ သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​ပြည်​ကို သင်​တို့​ပိုင်​ဖို့​ငါ​မ​ပေး​။


ထ​၍ ခရီးပြု​ကြ​လော့​။ အာနုန်​ချောင်း​ကို​ကူးသွား​လော့​။ အာမောရိ​လူမျိုး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် သူ​၏​ပြည်​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ သူ့​ပြည်​ကို​စတင်​သိမ်းပိုက်​လော့​။ သူ့​ကို​ရန်စ​၍ တိုက်ခိုက်​လော့​။


သင်​သည် လူ​တို့​အား “သင်​တို့​သည် စိရ​ပြည်​၌​နေထိုင်​သော သင်​တို့​၏​ညီအစ်ကို​များ​ဖြစ်​သည့် ဧသော​သားမြေး​တို့​၏​နယ်မြေ​ကို​ဖြတ်သွား​သောအခါ သူ​တို့​သည် သင်​တို့​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ သင်​တို့ အထူး​သတိပြု​ကြ​လော့​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​မောဘ​ကို ရန်​မ​ပြု​နှင့်​။ စစ်​ဖြစ်​အောင် သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အာရ​အရပ်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​မြေ​ကို သင်​တို့​ပိုင်​ဖို့ ငါ​မ​ပေး​။


အကယ်စင်စစ် ယနေ့ ဤ​နေရာ​၌​ငါ​တို့​နှင့်အတူ​ရှိ​၍ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​နေ​သော​သူ​တို့​နှင့်​လည်းကောင်း​၊ ယနေ့ ဤ​နေရာ​၌​ငါ​တို့​နှင့်အတူ​မ​ရှိ​သော​သူ​တို့​နှင့်​လည်းကောင်း ပြု​တော်မူ​၏​။


သင်​တို့​သည် သူ​တို့​၏​ရွံရှာဖွယ်​ရာ​များ​ဖြစ်​သည့် သစ်သား​ရုပ်တု​၊ ကျောက်​ရုပ်တု​၊ ရွှေ​ရုပ်တု​၊ ငွေ​ရုပ်တု​တို့​ကို တွေ့မြင်​ခဲ့​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ