ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
တရားဟော 29:12 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကျိန်ဆို၍ပြုတော်မူသောပဋိညာဉ်ကိုခံယူရန် ဖြစ်၏။ Common Language Bible သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။- Garrad Bible ဘိုး ဘေး ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား သ စ္စာ ဆို ခြင်း၊ သင် တို့ အား လည်း က တိ ထား ခြင်း၊ ထာ ဝ ရ ဘု ရား ပြု တော် မူ ခဲ့ သည့် အ တိုင်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကိုယ် တော် တိုင့် အ ဖို့ သင် တို့ ကို လူ မျိုး တော် အ ဖြစ် တည် စေ တော် မူ သည့် ပြင်၊ သင် တို့ ဘု ရား သ ခင် ဖြစ် တော် မူ အံ့ သော ငှါ၊ ယ နေ့ သင် တို့ နှင့် ဖွဲ့ တော် မူ သော ပ ဋိ ညာဉ် တော်၊ သ စ္စာ တော် ကို အ ကျုံး ဝင် ကြ ရန် ဖြစ် သ တည်း။ |
ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
‘သင်သည် ပြည့်တန်ဆာပြုခြင်းဖြင့် မလုံလောက်သေး။ သင်မွေးလာသောသားသမီးတို့ကိုယူ၍ ထိုရုပ်တုတို့အား အစာအဖြစ် ပူဇော်၏။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်၏ဘုရားသခင်ဖြစ်တော်မူ၏၊ ကိုယ်တော်၏လမ်းတော်များ၌လျှောက်လှမ်း၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်များ၊ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းပါမည်၊ ကိုယ်တော်၏စကားတော်များကို နားထောင်ပါမည်ဟု ယနေ့ သင်ဝန်ခံလေပြီ။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်လျှင် သင့်အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကို မိမိအဖို့ သန့်ရှင်းသောလူမျိုးအဖြစ် တည်စေတော်မူမည်။
သင်တို့၏ကလေး၊ သင်တို့၏မယားနှင့် သင်တို့တပ်စခန်းထဲရှိ ထင်းခွေသူ၊ ရေခပ်သူတိုင်းတစ်ပါးသားများပါ ရပ်နေကြသည်မှာ
သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်တို့အား ကတိထားတော်မူခဲ့သည့်အတိုင်း သင်တို့သည် ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြောင်းအတည်ပြုရန်နှင့် ကိုယ်တော်သည်လည်း သင်တို့၏ဘုရားဖြစ်တော်မူရန်အတွက် ဖြစ်၏။
ထိုနေ့တွင် ယောရှုသည် လူတို့နှင့် ပဋိညာဉ်ဖွဲ့ပြီး ရှေခင်မြို့၌ သူတို့အဖို့ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို ချမှတ်ပေးလေ၏။