အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။
တရားဟော 28:35 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။ Common Language Bible သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် သင် တို့ ဒူး နှင့် ခြေ သ လုံး များ ပြင်၊ ခြေ ဖ ဝါး မှ ဦး ထိပ် တိုင် အောင်၊ ကု သ၍ မ ရ သော အ နာ ဆိုး ဘေး ကို သင့် စေ တော် မူ လ တ္တံ့။ Judson Bible ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။ |
အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။
ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။
ဘုရားရှင်သည် ဇိအုန်သမီးတို့၏ဦးခေါင်းကို ယားနာပေါက်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့ကို အဝတ်အချည်းစည်းဖြစ်စေတော်မူမည်”ဟု မိန့်တော်မူ၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။