သူ့ကိုအနိုင်ရဖို့မျှော်လင့်သောသူသည် အမှားကြီးမှားလိမ့်မည်။ သူ့ကိုမြင်လိုက်ရုံနှင့် မေ့မျောလဲကျသွားမည်မဟုတ်လော။
တရားဟော 28:34 - မြန်မာ့စံမီသမ္မာကျမ်း သင်မြင်တွေ့ရသောအရာများကြောင့် သင်ရူးရလိမ့်မည်။ Common Language Bible သင်တို့ခံရသောဆင်းရဲဒုက္ခကြောင့်သင် တို့ရူးသွပ်ကြလိမ့်မည်။- Garrad Bible ဒိ ဋ္ဌ ရှု မြင် ရ သော ထို အ ခြင်း အ ရာ များ အ တွက် ရူး သွပ် ကြ လ တ္တံ့။ Judson Bible ထိုသို့ ကိုယ်တိုင်တွေ့မြင်သောအမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။ |
သူ့ကိုအနိုင်ရဖို့မျှော်လင့်သောသူသည် အမှားကြီးမှားလိမ့်မည်။ သူ့ကိုမြင်လိုက်ရုံနှင့် မေ့မျောလဲကျသွားမည်မဟုတ်လော။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။
ထာဝရဘုရားသည် သင့်ကို ရူးသွပ်ခြင်း၊ မျက်စိကန်းခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
‘ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရ’ဟု သင့်အား ငါဆင့်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင့်ကို အီဂျစ်ပြည်သို့ ထိုလမ်းဖြင့်မဟုတ်ဘဲ သင်္ဘောနှင့်ပြန်သွားစေတော်မူမည်။ ထိုပြည်၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် သင့်ကိုယ်သင် သင့်ရန်သူတို့ထံသို့ ရောင်းမည်။ သင့်ကို မည်သူမျှဝယ်မည်မဟုတ်”ဟု ဆိုလေ၏။