ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
တရားဟော 28:23 - မြန်မာ့စံမီသမ္မာကျမ်း သင့်ဦးခေါင်းအထက်ရှိမိုးကောင်းကင်သည် ကြေးနီကဲ့သို့လည်းကောင်း၊ သင့်အောက်ရှိမြေသည် သံကဲ့သို့လည်းကောင်း ဖြစ်မည်။ Common Language Bible မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။- Garrad Bible သင် တို့ ဦး ခေါင်း ထက် ရှိ မိုး ပြင် သည် ကြေး ကဲ့ သို့လည်း ကောင်း၊ အောက် ရှိ မြေ ပြင် သည် သံ ကဲ့ သို့လည်း ကောင်း၊ ဖြစ် လျက်၊ Judson Bible သင့်ခေါင်းပေါ်မှာ မိုးကောင်းကင်သည် ကြေးဝါကဲ့သို့လည်းကောင်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
ငါသည် သင်တို့၏မာနတန်ခိုးကိုချိုး၍ သင်တို့၏မိုးကောင်းကင်ကို သံကဲ့သို့လည်းကောင်း၊ သင်တို့၏မြေကို ကြေးဝါကဲ့သို့လည်းကောင်း ဖြစ်စေမည်။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
ထာဝရဘုရားသည် သင့်ကို အဆုတ်ရောဂါဖြစ်ခြင်း၊ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ အဖျားကြီးခြင်း၊ မိုးခေါင်ခြင်း၊ လောင်မီးပိုးကျခြင်း၊ မှိုစွဲခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း ထိုဘေးတို့သည် သင့်ကိုလိုက်လိမ့်မည်။
ထာဝရဘုရားသည် သင့်ပြည်၌ရွာသောမိုးကို ဖုန်မှုန့်၊ မြေမှုန့် ဖြစ်စေတော်မူ၍ သင်ပျက်စီးခြင်းသို့မရောက်မချင်း သင့်အပေါ် မိုးကောင်းကင်မှ ဖုန်မှုန့်မိုး၊ မြေမှုန့်မိုးရွာကျစေတော်မူမည်။