လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။
တရားဟော 27:19 - မြန်မာ့စံမီသမ္မာကျမ်း ‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။ Common Language Bible `` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။ Garrad Bible ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ တို့ အ မှု နှင့် စပ်၍ တ ရား လွဲ စေ သူ ကား၊ အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိ သတ် ဥဿုံ ဝန် ခံ ကြ စေ။ Judson Bible တရားတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမကို မတရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။ |
လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။
ဆိုးယုတ်သောသူသည် တရားမျှတခြင်းလမ်းစဉ်တို့ကိုဖျက်ရန် တံစိုးလက်ဆောင်ကို လျှို့ဝှက်စွာယူတတ်၏။
သူတို့သည် သောက်သောအခါ ပြဋ္ဌာန်းထားသောအရာကိုမေ့လျော့၍ ဖိစီးနှိပ်စက်မှုခံရသောသူအပေါင်းတို့၏ အမှုအခင်းကို လွဲမှားစွာစီရင်မည်ကို စိုးရိမ်ရ၏။
သင်တို့ပြည်တွင် တိုင်းတစ်ပါးသားသည် သင်နှင့်အတူ တည်းခိုနေထိုင်သောအခါ သူ့ကို နိုင်ထက်စီးနင်းမပြုရ။
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဖတဆိုးနှင့်မုဆိုးမတို့အတွက် တရားသဖြင့်စီရင်သောအရှင်၊ တိုင်းတစ်ပါးသားကိုချစ်၍ အစားအစာနှင့် အဝတ်အစားတို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။