“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ကို ငါပို့ဆောင်သောပြည်သို့ သင်တို့သည် ဝင်ရောက်၍
တရားဟော 26:1 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် ပေးတော်မူသောပြည်ကို သင်သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်သောအခါ Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် သို့ ဝင် ရောက် ပိုင် ယူ နေ ထိုင် ကြ သည့် ကာ လ၊ Judson Bible သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်သို့ သင်သည်ဝင်စား၍ နေသောအခါ၊ |
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ကို ငါပို့ဆောင်သောပြည်သို့ သင်တို့သည် ဝင်ရောက်၍
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့နေထိုင်ရန် ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်သောအခါ
သင်တို့တွင် ပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ ပေါ်လာ၍ နိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုကိုပြုပြီး
သင်သည် ထိုသူကို အမှန်တကယ်သတ်ရမည်။ သူ့ကိုသတ်ရာတွင် သင်အဦးဆုံးပြုရမည်။ ထို့နောက်မှ ကျန်သောသူအပေါင်းတို့သည် ပြုရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို သင်ဝင်ရောက်သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်သောအခါ ‘ငါ့ပတ်ပတ်လည်ရှိလူမျိုးအပေါင်းတို့ကဲ့သို့ ငါ့ကိုအုပ်စိုးမည့်ဘုရင် တင်မြှောက်မည်’ဟု သင်ဆိုလျှင်
သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်ဝင်ရောက်သောအခါ ထိုလူမျိုးတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များကို မလိုက်နာရ၊ မသင်ယူရ။
သို့ပြုလျှင် အမွေအဖြစ် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ထဲ၌ အပြစ်မဲ့သောသူသည် အသက်ဆုံးရှုံးရမည်မဟုတ်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်သည်လည်း သင့်အပေါ် ကျရောက်မည်မဟုတ်။
လူသတ်မိသောသူမည်သူမဆို ထိုမြို့များသို့ထွက်ပြေးနိုင်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို နယ်မြေသုံးပိုင်းပိုင်း၍ လမ်းကိုလည်း ဖောက်လုပ်ရမည်။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကို အမျက်ထွက်၍ ဂျော်ဒန်မြစ်ကို ငါမကူးရ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အား အမွေအဖြစ်ပေးတော်မူသည့် သာယာဝပြောသောပြည်သို့ ငါမဝင်ရဟု ကျိန်ဆိုတော်မူခဲ့၏။
သင်မူကား ငါ့ထံပါး ဤနေရာ၌ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးမည့်ပြည်၌ သူတို့လိုက်နာရန် သူတို့အား သင်ကြားပေးရမည့် ပညတ်တော်အလုံးစုံ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင့်အား ငါမိန့်ဆိုမည်’ဟု ငါ့အား မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။