အပြစ်ရှိသောသူသည် ကြိမ်ဒဏ်ခံသင့်လျှင် တရားသူကြီးသည် မိမိရှေ့၌ သူ့ကိုမှောက်စေပြီး သူ၏ဆိုးယုတ်မှုနှင့်ထိုက်တန်သည့် ကြိမ်ဒဏ်အရေအတွက်အတိုင်း ရိုက်စေရမည်။
အပြစ်ရှိသောသူသည်ကြိမ်ဒဏ်ခံထိုက်လျှင် သူ့အားမှောက်စေပြီးကြိမ်ဒဏ်ပေးရမည်။ ထို သူကူးလွန်သောအပြစ်ကြီးငယ်အလိုက် ကြိမ်ဒဏ်အချက်ကိုသတ်မှတ်ရမည်။-
ဆိုး သူ ကြိမ် ဒဏ် ခံ ထိုက် လျှင် အ ရေ အ တွက် အ ချက် လေး ဆယ် ထက် မ လွန် ဘဲ၊ ဆိုး သွမ်း မှု နှင့် ထိုက် သင့် သ မျှ၊ မှောက် ခံ ရ သော ထို လူ ဆိုး ကို၊ ကိုယ့် မျက် မှောက် တွင် ပေး ကြ စေ။ ဒဏ် ချက် များ စွာ ပို လွန်၍ ခတ် သော်၊ ဆွေ မျိုး သား ချင်း ကို ရှုတ် ချ ရာ ရောက် လိမ့် မည်။
ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကိုချ၍၊ အပြစ်နှင့်အလျောက် ညီမျှသောဒဏ်ချက်ဖြင့် ရိုက်စေရမည်။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ပြက်ရယ်ပြုတတ်သောသူတို့အတွက် အပြစ်ဒဏ်သည်လည်းကောင်း၊ မိုက်မဲသောသူတို့၏ကျောကုန်းအတွက် ကြိမ်ဒဏ်သည်လည်းကောင်း အဆင်သင့်ရှိ၏။
လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
ထိုအခါ ပိလတ်မင်းသည် သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။
ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။
သင်တို့သည် အပြစ်ပြု၍ ရိုက်နှက်ခြင်းခံရသည်ကိုသည်းခံလျှင် မည်သည့်ချီးမွမ်းစရာရှိမည်နည်း။ သို့သော် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရသည်ကိုသည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ယူဖွယ်ဖြစ်၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။