တရားဟော 24:4 - မြန်မာ့စံမီသမ္မာကျမ်း
ထိုမိန်းမကိုကွာရှင်းခဲ့သောပထမလင်ယောက်ျားသည် ညစ်ညူးပြီဖြစ်သောထိုမိန်းမနှင့် ပြန်၍စုံဖက်ခွင့်မရှိ။ အကြောင်းမူကား ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်အပေါ် အပြစ်မသက်ရောက်စေနှင့်။
အခန်းကိုကြည့်ပါ။
ပထမလင်ယောကျာ်းသည်သူ့အား နောက်တစ် ဖန်မယားအဖြစ်မပေါင်းသင်းရ။ အဘယ် ကြောင့်ဆိုသော်ထိုမိန်းမသည် ညစ်ညမ်းသွား ပြီဟုယူဆရမည်။ ထာဝရဘုရားသည် ယင်းသို့နောက်ထပ်အိမ်ထောင်ပြုခြင်းကို စက်ဆုပ်ရွံရှာတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ မည့်ပြည်တွင် ထိုကဲ့သို့သောဆိုးရွားသည့် အပြစ်ကိုမကူးလွန်ရ။
အခန်းကိုကြည့်ပါ။
အ ထက် ကွာ ထား သော လင် သည်၊ မ သန့် ရာ ရောက် ပြီး သော ထို မိန်း မ ကို ပြန်၍ မ သိမ်း ပိုက် ရ။ ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ် သော ကြောင့် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည်၌ ထို အ မှု ဖြင့် ပြစ် ဒဏ် မ သင့် စေ ကြ လင့်။
အခန်းကိုကြည့်ပါ။
အရင်လွှတ်လိုက်သောလင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တစ်ဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဖွယ်သောအမှု ဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
အခန်းကိုကြည့်ပါ။