Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 24:4 - Common Language Bible

4 ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ ထက် ကွာ ထား သော လင် သည်၊ မ သန့် ရာ ရောက် ပြီး သော ထို မိန်း မ ကို ပြန်၍ မ သိမ်း ပိုက် ရ။ ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ် သော ကြောင့် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည်၌ ထို အ မှု ဖြင့် ပြစ် ဒဏ် မ သင့် စေ ကြ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ရင်​လွှတ်​လိုက်​သော​လင်​ဟောင်း​သည် ညစ်​ညူး​ခြင်း​ရှိ​သော ထို​မိန်း​မ​ကို နောက်​တစ်​ဖန်​မ​သိမ်း​ရ။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စက်​ဆုပ်​ဖွယ်​သော​အ​မှု ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​ပြစ်​မ​ရောက်​စေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​မိန်းမ​ကို​ကွာရှင်း​ခဲ့​သော​ပထမ​လင်ယောက်ျား​သည် ညစ်ညူး​ပြီ​ဖြစ်​သော​ထို​မိန်းမ​နှင့် ပြန်​၍​စုံဖက်​ခွင့်​မ​ရှိ​။ အကြောင်းမူကား ထို​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 24:4
6 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-


ဒု​တိ​ယ​လင်​ယောကျာ်း​က​လည်း ထို​မိန်း​မ​ကို ဆက်​လက်​၍​မ​ပေါင်း​သင်း​လို​သ​ဖြင့် ဖြတ်​စာ ကို​ပေး​၍​အိမ်​မှ​ဆင်း​သွား​စေ​သော​အ​ခါ ၌​သော်​လည်း​ကောင်း၊ သူ​ကိုယ်​တိုင်​သေ​ဆုံး သွား​သော်​လည်း​ကောင်း၊-


ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ