ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
တရားဟော 24:14 - မြန်မာ့စံမီသမ္မာကျမ်း သင့်ပြည်၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားထဲမှဖြစ်စေ၊ သင်၏အမျိုးသားချင်းထဲမှဖြစ်စေ ဆင်းရဲနွမ်းပါးသော သူရင်းငှားကို အနိုင်အထက်မပြုရ။ Common Language Bible ``သင်တို့၏မြို့တွင်နေထိုင်သောဆင်းရဲနွမ်း ပါးသည့် ဣသရေလအမျိုးသားအစေခံ ကိုသော်လည်းကောင်း၊ လူမျိုးခြားသား အစေခံကိုသော်လည်းကောင်းမလိမ်လည် မလှည့်ဖြားနှင့်။- Garrad Bible သင် တို့ နေ ပြည် ရှိ မြို့ ရွာ များ အ တွင်း၊ ဝင် နေ သူ ဖြစ် စေ၊ ဆွေ မျိုး သား ချင်း ဖြစ် စေ၊ ဆင်း ရဲ နွမ်း ပါး သော သူ ရင်း ငှါး ကို မ ညှဉ်း ပန်း ရ။ Judson Bible အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ်သောသူငှားကို မညှဉ်းဆဲရ။ |
ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
ဆင်းရဲသားတို့၏ခေါင်းကို မြေမှုန့်၌နင်းချေပြီး စိတ်နှိမ့်ချသောသူတို့ လျှောက်သောလမ်းကို ကာဆီးကြပြီ။ သားအဖနှစ်ယောက်က မိန်းမတစ်ယောက်တည်းနှင့်ပေါင်းဖော်ပြီး သန့်ရှင်းသောငါ့နာမကို ညစ်ညူးစေလေပြီ။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ရှိမြို့တစ်မြို့၌ နွမ်းပါးသောသင်၏ညီအစ်ကိုတစ်စုံတစ်ယောက်ရှိလျှင် ထိုနွမ်းပါးသောညီအစ်ကိုအပေါ် ကြင်နာစိတ်မကင်းမဲ့နှင့်၊ မတွန့်တိုနှင့်။
အကြောင်းမူကား ကျမ်းစာက “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟူ၍လည်းကောင်း၊“အလုပ်လုပ်သောသူသည် လုပ်အားခကို ရထိုက်၏”ဟူ၍လည်းကောင်း ဆိုထား၏။