သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။
တရားဟော 24:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ဆင်းရဲသောသူဖြစ်လျှင် သူ၏အပေါင်ခံပစ္စည်းကို ညအထိယူမထားရ။ Common Language Bible သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။- Garrad Bible သူ ဆင်း ရဲ ဖြစ် က၊ အ ဝတ် ခြုံ လျက် အိပ် ပျော် ရ သည့် အ တိုင်း၊ သင့် အ ပေါ်၌ ကောင်း ကြီး ပေး စေ ရန် အ ပေါင် ခံ ပ စ္စည်း ကို ညဉ့် မ သိပ် ဘဲ နေ ဝင် ချိန် ပြန် ပေး လော့။ ထို သို့ ပြု လျှင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ဖြောင့် မတ် မှု ပြု ရာ ရောက် လိမ့် မည်။ Judson Bible ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသောဥစ္စာကို ပြန်မအပ်ဘဲ ညကိုမလွန်စေရ။ |
သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။
ဆင်းရဲသားတို့သည် အဝတ်မပါ ကိုယ်ဗလာနှင့် သွားလာကြရ၏။ ဆာလောင်လျက်နှင့်ပင် ကောက်လှိုင်းစည်းကို သယ်ကြရ၏။
မိဘမဲ့တို့၏မြည်းကို ယူဆောင်သွားတတ်ကြ၏။ မုဆိုးမ၏နွားကိုပင် အပေါင်ပစ္စည်းအဖြစ် သိမ်းယူတတ်ကြ၏။
ညအိပ်သောအခါ အဝတ်မပါဘဲ အချည်းစည်းအိပ်ရ၏။ ချမ်းအေးသောအခါတွင်လည်း ခြုံစရာမရှိ။
လူတို့သည် ဖတဆိုးကို အမိရင်ခွင်မှ ဆွဲထုတ်၏။ ဆင်းရဲသားထံမှ အပေါင်ပစ္စည်းကို သိမ်းယူ၏။
အပြင်ဘက်၌ ရပ်နေရမည်။ သင်ချေးပေးသောသူသည် အပေါင်ခံပစ္စည်းကို သင့်ထံသို့ ယူဆောင်လာရမည်။
သူသည် မိမိအဝတ်ကိုဝတ်အိပ်၍ သင့်ကို ကောင်းချီးတောင်းခံပေးမည့်အကြောင်း သူ၏အပေါင်ခံပစ္စည်းကို နေဝင်သောအခါ ဆက်ဆက်ပြန်ပေးရမည်။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မတ်သောအမှုဖြစ်၏။
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။