ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
တရားဟော 23:22 - မြန်မာ့စံမီသမ္မာကျမ်း ကတိသစ္စာမပြုဘဲနေလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်မဟုတ်။ Common Language Bible ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။ Garrad Bible မ ထား လျှင် မူ ကား၊ အ ပြစ် ကင်း လိမ့် မည်။ နှုတ် ထွက် က တိ အ တိုင်း၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား စေ တ နာ အ လျောက် ထား ခဲ့ သော သ စ္စာ ဝတ် ကို ဖြေ၍ စောင့် ရှောက် ပြု ကျင့် ကြ လော့။ Judson Bible သစ္စာကတိမထားဘဲနေလျှင် အပြစ်မရောက်။ |
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
အကျွန်ုပ်သည် ကိုယ်တော်၏အိမ်တော်သို့ မီးရှို့ရာယဇ်များပါလျက်လာပါမည်။ အကျွန်ုပ်၏ကတိသစ္စာများကို ကိုယ်တော့်ထံပြည့်စုံစေပါမည်။
တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍ ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။
ကတိသစ္စာပြုပြီး မပြည့်စုံစေဘဲနေခြင်းထက် ကတိသစ္စာမပြုဘဲနေခြင်းက ပို၍ကောင်း၏။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တန်ဖိုးဖြတ်သည့်အတိုင်း တစ်စုံတစ်ယောက်သည် လူကို ထာဝရဘုရားထံ ဆက်ကပ်ပေးလှူရန် ကတိသစ္စာပြုသောအခါ
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။
လူထုခေါင်းဆောင်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ကျိန်ဆိုထားပြီဖြစ်၍ အစ္စရေးအမျိုးသားတို့က သူတို့ကို မတိုက်ခိုက်ဘဲနေ၏။ သို့သော် အစ္စရေးလူထုတစ်ရပ်လုံးက ခေါင်းဆောင်တို့ကို အပြစ်တင်ကြ၏။