ယောက်ျားသည် သုက်ရည်ထွက်လျှင် တစ်ကိုယ်လုံး ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
တရားဟော 23:12 - မြန်မာ့စံမီသမ္မာကျမ်း မစင်စွန့်သောနေရာသည် တပ်စခန်းအပြင်ဘက်၌ ရှိရမည်။ သင်သည် ထိုနေရာသို့သာ သွား၍စွန့်ရမည်။ Common Language Bible ``ကျင်ကြီးစွန့်ရာနေရာကိုတပ်စခန်း အပြင်၌ထားရှိရမည်။- Garrad Bible ၎င်း ပြင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ဘေး လွတ် စေ၍ ရန် သူ တို့ ကို သင် တို့ ရှေ့ အပ် နှင်း တော် မူ ရန် တပ် စား ခန်း အ တွင်း တွင် ကြွ လာ တော် မူ သည့် အ တိုင်း ရှက် ဖွယ် ရာ ကို ရှု မြင်၍ ရှောင် ထွက် တော် မ မူ စေ ခြင်း ငှါ စား ခန်း သန့် ရှင်း အပ် သည် ဖြစ် သော ကြောင့် တ ပို တ ပါး သွား ရာ အ ရပ် ကို တပ် စား ခန်း အ ပ တွင် ပြင် ဆင် လျက်၊ အ ခင်း ပြု တိုင်း၊ လက် နက် အ ဝင် အ ပါ တူး ရွင်း ဖြင့် တူး ပြီး လျှင်၊ မ စင် ကို လှည့်၍ ဖုံး ကြ ရ မည်။ Judson Bible သင့်ကျင်ကြီးစွန့်ရာ အရပ်သည် တပ်ပြင်၌ရှိရမည်။ |
ယောက်ျားသည် သုက်ရည်ထွက်လျှင် တစ်ကိုယ်လုံး ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
နေဝင်ချိန်ရောက်သောအခါ သူသည် ရေချိုးရမည်။ နေဝင်ပြီးမှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
မစင်သွားစွန့်သောအခါ မြေတူးစရာတူးရွင်းကို ယူသွား၍ တွင်းတူးရမည်။ မစင်စွန့်ပြီးလျှင် ပြန်ဖုံးအုပ်ရမည်။