စိတ်နှိမ့်ချခြင်းနှင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကား ဓနဥစ္စာ၊ ဂုဏ်သရေနှင့် အသက်ရှင်ခြင်းဖြစ်၏။
တရားဟော 22:7 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငှက်သားပေါက်များကို ယူနိုင်သော်လည်း ငှက်မကိုမူ မလွဲမသွေလွှတ်ပေးရမည်။ ထိုသို့ပြုလျှင် သင်သည် ကောင်းစား၍ အသက်ရှည်လိမ့်မည်။ Common Language Bible ငှက်ကလေးများကိုမူဖမ်းယူနိုင်သည်။ သို့ ရာတွင်ငှက်မကိုလွှတ်ရမည်။ ထိုသို့ပြုလျှင် သင်သည်အသက်ရှည်၍ကြွယ်ဝချမ်းသာ လိမ့်မည်။ Garrad Bible သား ငယ် ကို နှိုက် ယူ သော် လည်း၊ ကောင်း စား လျက် တာ ရှည် ခွင့် ရ အံ့ သော ငှါ၊ အ မိ ကို လွှတ် လော့။ Judson Bible သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ်လိုက်ရမည်။ |
စိတ်နှိမ့်ချခြင်းနှင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကား ဓနဥစ္စာ၊ ဂုဏ်သရေနှင့် အသက်ရှင်ခြင်းဖြစ်၏။
တစ်စုံတစ်ယောက်သည် သင့်အိမ်ပေါ်မှပြုတ်ကျ၍ သင့်အိမ်၌လူသတ်သောအပြစ် မကျရောက်စေရန် သင်သည် အိမ်အသစ်ဆောက်သောအခါ သင်၏ခေါင်မိုးပြင်၌ အကာအရံလုပ်ရမည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသောလမ်းရှိသမျှအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်တို့ပိုင်ဆိုင်ရမည့်ပြည်၌ သင်တို့သည် အသက်ချမ်းသာရာရမည်။ ကောင်းစား၍ အသက်ရှည်မည်။